
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် စားဖိုဆောင်သီးနှံ များ၏ ဈေးနှုူန်းများအနေဖြင့် ခရမ်းချဉ်သီး ထိုင်ဝမ်အလုံးကြီး (၁)ပိဿာ လျှင် ၃၅၀၀ ကျပ်နှင့် အလုံးသေး တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ မေလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေး တွင်ရောင်းချနေသော အာလူးသီးဈေးနှုန်းများမှာ အလုံးကြီး(၁)ပိဿာလျှင် ၅၀၀၀ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် ၄၈၀၀ကျပ်ဖြင့်ရောင်းချကြောင်း ၊ ခရမ်းသီး တစ်ပိဿာလျှင် လက်ကားဈေး(၂၃၀၀)ကျပ်နှုန်း၊ လက်လီဈေး (၂၄၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၂၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရုံးပတီသီး ဈေးနှုန်းများအနေဖြင့် (၅၀)ကျပ် သားလျှင် (၂၀၀၀)ကျပ်၊ (၁)ပိဿာလျှင်(၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရသည်။
DOCA(စစ်ကိုင်း)