စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ရောင်းချနေသော ကြက်သားဈေးနှုန်း များမှာ ဒေသကြက်(၁)ပိဿာလျှင် ၃၅၀၀၀ကျပ်၊ CPကြက် သား(၁)ပိဿာလျှင် ၂၃၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ကြက်ဥ၊ဘဲဥဈေးနှုန်းများမှာ ကြက်ဥအလုံးကြီး(၁)လုံးလျှင် ၅၅၀ကျပ်၊ အလုံးသေး (၁) လုံးလျှင် ၅၀၀ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၇၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။
DOCA(စစ်ကိုင်း)