
ကျွန်းလှမြို့နယ်ရှိ ပိတောက်မြိုင်ဈေး၌ ယခု ၂၀၂၅ ခုနှစ်၊ မေလ စတုထ္ထပတ်တွင် ကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ် (၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ် ၊ အလတ်စ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် ၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ် ၊(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်း အသီးသီးဖြင့်လည်းကောင်း၊ ခရမ်းသီးဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်နှင့် (၂၅)ကျပ် သားလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ မန်ကျည်းသီးမှည့် ဈေးနှုန်းများမှာ မန်ကျည်းသီးမှည့်(အစေ့လွတ်) တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် မန်ကျည်းသီးမှည့်(အစေ့ပါ)တစ်ပိဿာ လျှင်(၂၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)