
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ပဲတီစိမ်းသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၁၁၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင်(၁၂၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ယခုပတ်အတွင်း ပဲတီစိမ်းဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့ နယ်မှထွက်ရှိသော ပဲတီစိမ်းများကို ကန့်ဘလူမြို့၊ မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များ ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)