Main menu

ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

  မိတ္ထီလာမြို့ဈေးကွက်အတွင်း ဧပြီလလဒုတိယပတ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီဘိလပ်မြေတစ်အိတ်လျှင် (၂၇၅၀၀)ကျပ်၊ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၂၇၅၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       ယခင်မတ်လဒုတိယပတ်တွင် ဘိလပ်မြေ ဈေးနှုန်းများမှာ အပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၆၅၀၀)ကျပ်၊ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်၊ အယ်လ်ဖာ ဘိလပ်မြေ တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ယခင်လနှင့်ယခုလနှိုင်းယှဉ်ကြည့်လျှင် အပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၁၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် (၁၂၅၀၀) ကျပ်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ သဘာဝဘေးဖြစ်၍ ဘိလက်မြေ စက်ရုံများထိခိုက်မှုဖြစ်၍ စက်ရုံပြင်ဆင်မှုမျာ းဆောင်ရွက်နေသဖြင့် ဈေးကွက်လိုသလောက် ထုတ်လုပ် နိုင်မှုမရှိသေးခြင်းကြောင့်   ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်နည်းလာခြင်း၊ အချို့ပစ္စည်းများ ပြတ်လပ် မှုများရှိလာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(မန္တလေး)