Main menu

အသိပေးကြေညာချက်

Powered by Drupal
Fri, 11/03/2023 - 15:57 -- consumer_admin

နိုဝင်ဘာလ၊ ၃ ရက် ၂၀၂၃ ခုနှစ်

၁။       ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် မှစတင်၍ Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo)- www. myro. com. mm တွင် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ 

၂။       ဤသို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့် သိုလှောင်ရုံများအားလုံး အကျုံးဝင်မည် ဖြစ်ပါသည်။

၃။       သို့ဖြစ်ပါ၍ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန (ဖုန်းနံပါတ်၊ ၀၆၇-၃၄၃၀၅၆၃၊ ၀၆၇-၃၄၃၀၁၃၁)နှင့် Myanmar International Trade Center ၊ အမှတ် ၆၂၂/၆၂၆၊ ကုန်သည်လမ်း ၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ (ဖုန်းနံပါတ်၊ ၀၁-၃၈၅၃၂၃)သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန