ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းဝယ်ရေးဈေးကွက်သို့ ပခုက္ကူမြို့ နယ်အတွင်းရှိ ညောင်လှ၊ နန်းတော်ရပ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ ကျေးရွာများနှင့် အခြား မြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့် ကျေးရွာများမ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဖားအိုင့်ရွာရှိ တောင်သူဒေါ်နွယ်နွယ်ဝင်း၏ ပင်ဆိုင်စိုက်ခင်းသို့ (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် သွားရောက်လေ့လာခဲ့ရာ ပင်ဆိုင်ပင်များကို သီတင်းကျွတ်လတွင်စိုက်ပျိုးပြီး တစ်လကြာလျှင် ပင်ဆိုင်ပင်များကိုနုတ်ယူရောင်းချ၍ရပါသည်။ ပင်ဆိုင်ပင်ကို တစ်ပင်နှင့် တစ်ပင် ၁ပေ

ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်တွင် စတင်ဝင်ရောက်လာခဲ့ပြီး ယခုတစ်ပတ်မှာတော့ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမဘက်မှ ဝင်ရောက်မှုများလာခဲ့သည့်အတွက် တစ်ရက်အဝင် အိတ်၇၀၀/ ၈၀၀ကျော် ဝင်ရောက်လာခဲ့ပါသည်။ ပဲဈေးနှုန်းအနေဖြင့် ပိဿာ(၂၀)တစ်တင်း ၉၆၀၀၀ကျပ် မှ ၉၇၀၀၀ကျပ်ထိ ဈေးမြင့်တက်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်

ပြင်သစ်ပန်း(ခ) ဆောင်တော်ကူးပန်းသည် အရောင်မှာဖြူစွတ်စွတ်အရောင်ရှိပြီး ပန်းပွင့်ချိန်တွင် အဆုပ်လိုက်အဆုပ်လိုက်ပွင့်တက်သော နွယ်ပင်တစ်မျိုးဖြစ်ပါသည်။ ထိုပန်းသည် ဆောင်းဦးပေါက်ရာသီချိန်ဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ထွက်ပေါ်လာပြီး တစ်နှစ်မှတစ်ခါသာပေါ်တက်သဖြင့် လူအများက နှစ်ခြိုက်စွာဝယ်ယူကြသော ပန်းတစ်မျိုးဖြစ်

ပြည်ခရိုင်၊ ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များတွင် နှမ်းများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအပတ်တွင် နှမ်းနီမှာဈေးအနည်းငယ်မြင့်တက်လာခဲ့ပါသည်။ နှမ်းအနီကိုဒေသတွင်း ဆီစက်သမားများကဝယ်ယူမှုရှိသဖြင့် ဈေးအနည်းငယ်မြင့်တက်လာပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းမှာ ဝယ်ယူမှုနည်းသည့်အတွက် ဈေးမှာယခင်အပတ်ကအတိုင်း ငြိမ်နေကြောင်း