ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် ရွှေဖရုံသီး (လက်ရိုက်သီး) စိုက်ပျိုးထားရှိသဖြင့် အကျိုးအမြတ်နှင့် ကုန်ကျစရိတ်များအားသိရှိစေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၅.၂.၂၀၂၅)ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာရှိ ဒေါ်ဝင်းဌေး၏ တံမြက်စည်းလုပ်ငန်း သည် အောင်မြင်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကိုင်းတံမြက်စည်းပင်ကို ဝါးလက် ကိုင်ရိုးတပ်၍ ပြုလုပ်ရောင်းချခြင်းဖြစ်ပါသည်။ ကိုင်းတံမြက်စည်းများသည် ပဲခူးရိုးမ တောင်တန်း တောင်စောင်းများတွင် ပေါက်ရောက်သည်။

မြန်မာလူမျိုးတို့သည် သပြေပန်းကို အခြားသောပန်းများထက် ပိုမိုကြိုက်နှစ်သက်ကြသည်။ သပြေပန်းသည် ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိကြောင်း၊ ယခုအခါတွင် သပြေပန်းပင် များကို ခြံဖွဲ့၍စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်လက စပါး တင်း ၁၀၀ လျှင် ၁၈၀၀၀၀၀ ကျပ် ရှိရာမှ ယခုလတွင် ၁၆၀၀၀၀၀ ကျပ်အထိ၊ ဆန်ဈေးမှာ ဧည့်မထ အလတ်စဆန် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်မှ ၆၃၀၀၀ ကျပ်အထိရှိရာ ဈေးနှုန်းကျဆင်းပါသည်။
