ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကြက်သွန်နီ စိုက်ပျိုးမှုများမှ ထွက်ရှိလာမှုနှင့် အမြိတ်ပေါ် အနေအထားများဖြင့် ဝင်ရောက်နေမှုရှိနေခဲ့ပါသည်။ ပျော်ဘွယ်နှင့် မိတ္ထီလာမှ ဝင်ရောက် မှုများ တွေ့ရှိလာရပြီး မြစ်သားကြက်သွန်ဝင်ရောက်မှု ပုံမှန်အနေအထားများရှိနေခြင်းတို့ကြောင့် ကြက်သွန်နီဈေးနှုန်း နိမ့်ကျလာမှုကို တွေ့ရှိလာရပါသည်။

မုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရုံသာမက အစိမ်းသုပ်၍လည်း စားသုံးကြပါသည်။ မုန်လာဥပေါ်ချိန်တွင် မိမိကြိုက်နှစ်သည့်အတိုင်း လှီးဖြတ်၍ မိနစ်(၂၀)ခန့်ပေါင်း ပြီး ဆီအနည်းငယ်သုတ်ကာ နေတစ်ရက်၊ နှစ်ရက်ပြ၍ မုန်လာဉများခြောက်သွားသောအခါ လေလုံ အောင်ပိတ်ထား၍ သိမ်းဆည်းပြီး မုန်လာဥဖြူခြောက်ပြုလုပ်၍လည်း စားသုံးကြပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပုလောမြို့နယ် ခန္တီရွာ၊ ရှပ်ပုံရွာများတွင် ရှပ်အခြောက် အများဆုံးထွက်ရှိပါသည်။ ယခုနှစ်မှာ ရေးမြို့နယ်ဘက်မှအဝင်နဲပြီး ပုလောဘက်မှ အဝင်အများဆုံး ဖြစ်သည်။ အစိမ်းခြောက်ဟုခေါ်သော အကောင်ကြီးအပြား ရှပ်ခြောက် (၁)ပိဿာလျှင် (၇၅၀၀၀) ကျပ် ၁ဗူးစျေးနှုန်းမှာ (၄၀၀၀)ကျပ်နှင့် အပြုတ်ခြောက်ဟုခေါ်သော အကောင်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည် သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့်ကမ်းနားပျံကျစျေးများ တွင် ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

ကန်စွန်းဥကို မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကန်စွန်းဥတွင် အမျိုးပေါင်းများစွာရှိပြီး ကန်စွန်းဥအရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြားကြသည်။ ကန်စွန်းဥ ကို သဲမြေ၊ သဲနုန်းနှင့် နုန်းမြေများပေါ်တွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။ ကန်စွန်းဥကို မိုးရာသီ တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စို
