ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး နှင့် ဥယျာဉ်စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်းဆောင်ရွက်လျက်ရှိရာ ဘူးသီး စိုက်ပျိုးမှုသည် ဓနုဖြူဒေသရဲ့ ဝင်ငွေတိုးမြှင့်ခြင်း နည်းလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဘူးသီးသည် ဗီတာမင် C ကြွယ်ဝမှုကြောင့် ကိုယ်ခံအား တိုးစေသကဲ့သို့ ဖိုင်ဘာဓါတ

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်မှ စိုက်ပျိုးထွက်ရှိသော မနောသုခစပါးများကို ဇန်နဝါရီလအတွင်း၌ ရန်ကုန်ဈေးကွက်သို့ တင်းရေး ၄၅,၀၀၀ သာ တင်ပို့ရောင်းချနိုင် ခဲ့သော် လည်း ဖေဖော်ဝါရီလအတွင်း တင်းရေ ၆၆,၀၀၀ ပမာဏကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်ခဲ့သဖြင့် တင်ပို့ရောင်းချနိုင်မှု ပမာဏမှာ ၄၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြ

ဟင်္သာတမြို့နယ်၏ ဒေသထွက်ကုန်ဖြစ်သော မိကျောင်းကွမ်းဖတ် (Betel Leaf)များကို ယခင်လ ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် ၅၀,၀၀၀ ပိဿာခန့်ကိုသာ ရန်ကုန်ဈေးကွက်သို့ တင်ပို့နိုင်ခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ၇၃,၀၀၀ ပိဿာ ခန့်ကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ခဲ့သဖြင့် တင်ပို့မှုပမာဏမှာ ၄၆ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ပါတယ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှသဘာဝအတိုင်း ဖမ်းယူရရှိသော ဂုံးစိမ်းများ ကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုသည်ယခုနှစ်တွင် သိသာစွာတိုးတက်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ခုံးစိမ်းပိဿာချိန် ၅၅,၀၀၀ ခန့်သာရောင်းချနိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလ အတွင်းတွင် တင်ပို့ရောင်းချမှု ပမာဏက ဂုံးစိမ်းပိဿာချိန် ၈၂,၀၀၀ ထိ တိုးတက်

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့တွင် အသားစားကြက်မွေးမြူရေးလုပ်ငန်း များလည်း ဆောင်ရွက်ကြပြီး မွေးမြူသော အသားစားကြက်များကို ရန်ကုန်မြို့ရှိ တာမွေ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာစသည့် ဈေးများထံသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ ရန်ကုန်မြို့ တွင် လူဦးရေများလာခြင်းနှင့် အသားစားအစားအသောက်လိုအပ်ချက် တိုးလာခြင်း ကြောင့် ဈေး ကွက် အတွင်း၌ တ
