ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူ ရောင်းချလျက် ရှိ ကြောင်းသိရ သည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စပါးဈေးကွက်အခြေအနေဖြင့် ဧပြီလကုန် နောက်ဆုံးပတ်တွင် ဆင်းသုခ၊ မနောသုခ ၄၆ ပေါင်တင်း ၁၀၀ လျှင် ၁,၇၁၂,၀၀၀ ကျပ်ရှိခဲ့ပြီး စပါး ဈေးမြင့်တတ်လာခြင်းမရှိပဲ ကျဆင်းလာကြောင်း သိရှိရပါသည်။ မေလပထမပတ်နှင့် ဒုတိယပတ်တို့ တွင် နွေစပါးရတနာတိုး ဗီယက်နမ် ၅၀ ပေါင် ၁၀၀ တင်းလျှင် ၁,၁၈၂,၂၀၀ ကျပ်၊စပါးဟောင်း ဆင်းသု ၅၀

ပြည်ခရိုင်အတွင်းတွင် မှော်ဘီစပါးဈေးမှာ တင်း(၁၀၀)လျှင် ၁၇၄၀၀၀၀ကျပ်၊ ကရင်မ စပါးတင်း(၁၀၀)လျှင်၁၅၆၄၀၀၀ကျပ်၊ ရတနာတိုးစပါး တင်း(၁၀၀)လျှင် ၁၆၅၆၀၀၀ကျပ်၊ ထိုင်းနှံကောက်စပါးတင်း(၁၀၀)လျှင် ၁၇၄၀၀၀၀ကျပ်ဈေးဖြင့် ဈေးရှိသော်လည်း အရောင်းအဝယ် မရှိပါ။

ဂွေးပင်သည် မြန်မာနိုင်ငံအနှံအပြားတွင် စိုက်ပျိုးသော အပင်အမျိုးအစားဖြစ်ပါသည်။ ဂွေးချဉ်သီးကို ငပိချက်ချက်၍၎င်း၊ အချဉ်ထည့်၍၎င်း၊ ထောင်း၍၎င်း စားသုံးကြပါသည်။ ဂွေးချိုသီးကိုတော့ ငရုတ်အမှုန့်ဖြင့်၎င်း၊ အချဉ်ပေါင်းလုပ်၍၎င်း သာရေစာအဖြစ် စားသုံးကြပါသည်။ ဂွေးပင်သည် အပင်ကြီးမျိုးဖြစ်သော်လည်း ယခုအခါ စိုက်ပျိုးရေးနည်း စနစ်များ အဆင့်မြ

ပြည်မြို့တွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသော စားတော်ပဲသီးနှံသည် လက်လီအရောင်းအဝယ်သာရှိပြီး တစ်ခါတစ်ရံမှသာ လှောင်သမာများအဝယ်ရှိပါသည်။ စားတော်ပဲကို မြို့တွင်း စားသုံးမှုအတွက် သာအဝယ်ရှိပါသည်။ ယခုအခါ စားတော်ပဲ အသစ်များ အဝင်ရှိနေပြီး အဝင်နည်းနေပြီဖြစ်ပါသည်။ ပဲစတင် ပေါ်စအချိန်တွင်မတ်လတွင် စားတော်ပဲတစ်တင်းကို (၁၂၅၀၀၀)ကျပ်ဖြင့်ဈေးစတင်ဖွင
