Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် တောင်ဒဂုံမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းမျာ
22 Jul 2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ယခုနှစ်တွင် စပါးမျိုးကောင်း မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ မိုးစပါး (၈၈၀၈၇)ဧက လျာထားစိုက်ပျိုးမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဝါတော ကျေးရွာများတွင် သင်္ဘောပင်ကို စိုက်ပျိုးကြပြီး သင်္ဘောပင်ကို မွေးမြူရေး ငါးကန် ပတ်ချာ လည်များတွင် ငါးကန်အကာ အနေဖြင့် လည်းကောင်း၊ အုန်းခြံများတွင် ကြားညှပ် သီးနှံအဖြစ် စိုက်ပျိုးနေကြောင်း တွေ့ရှိရသည်။ ယခု သင်္ဘောပင် ၁ဧကသာ စိုက်ပျိုးထားပြီး မအူပင်ခရိုင်အနေဖြင့် သင်္ဘောစိုက်ဧက ၁၇ ခန့် ရှိကြောင်း သိရသည်။
22 Jul 2025
မအူပင်ခရို်င ပန်းတနော် မြို့နယ်တွင် ဗူးစိုက်ပျိုးသူများရှိပြီး မိုးတွင်ကာလတွင် ဗူးသီးများထွက်ရှိ၍ ဈေးကောင်းလျက်ရှိသည်။ ပန်းတနော်မြို့နယ်တွင် ဗူး စိုက်ဧက ၁၅၂ ဧက စိုက်ပျိုးကြောင်း သိရသည်။ ဗူးသည် စိုက်ပျိုးမှု ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေကောင်းမွန်သော သီးနှံဖြစ်၍ စိုက်ပျိုးသူများပြားသည်။
22 Jul 2025
ရာသီစာသီးနှံ ဖြစ်သည့် မအူပင်ဒေသထွက် ကြောင်လျှာသီးကို မအူပင်မြို့ အနီးတဝိုက် ကျေးရွာများမှ မအူပင်မြို့ပေါ်ဈေးများသို့လာရောက် ရောင်းချကြပါသည်။ ကျေးရွာနေပြည်သူများ၏ ခြံများတွင် သဘာဝအလျောက်ပေါက် ရောက်နေသော ကြောင်လျှာသီးကို အပိုဝင်ငွေရရှိရန်အတွက် ၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။

Pages