Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Mar 2024

    မုံရွာကုန်စည်ဒိုင်ဈေးကွက်၌ မေလ ဆန်းပိုင်းမှစ၍ ကုလားပဲသီးနှံများဖြစ်သည့် (V3,V2,929,ထိုင်ဝမ်) ပဲများမှာ တရိပ်ရိပ်နှင့်ဈေးနှုန်းမြင့်တက်လာသည့်အတွက် တောင်သူများ ဈေးကောင်းရလျက်ရှိကြောင်းသိရသည်။ ကုလားပဲဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ ပွဲရုံကုန်သည်များထံ အပ်နှံထားသည့်တောင်သူများမှာလည် လက်ရှိတက်ဈေးကို အားရကျေနပ်သည့်အတွက် ဈေးဖြတ်တ

08 Mar 2024

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များ အနေဖြင့် စပါး၊ ဆန် အသစ်များ ပေါ်လာပြီး  ဈေးနှုန်းများမြင့်တက်နေပါကြောင်း သိရှိရပါသည်။

08 Mar 2024

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အညာဒေသ၌ သရက်သီးစိမ်း(ခေါ်) သရက်ကင်းများ စတင်ပေါ်နေပြီဖြစ်ရာ ရာသီစာအဖြစ်စားသုံးသောကြောင့် သရက်ကင်းဈေးကောင်းရရှိကာ  ဝင်ငွေတိုးနေကြောင်း သရက်စိုက်ပျိုးသူများထံမှ သိရှိရပါသည်။    

08 Mar 2024

     မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက် ရှိကြောင်း သိရှိရ ပါသည်။

08 Mar 2024

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိကြောင်း သိရှိရပါသည်။

Pages