ကုန်သွယ်မှုသတင်းများ
ဖရဲသီးသည် ကမ္ဘာတစ်ဝန်းတွင်လူကြိုက်များပြီး စားသုံးမှုများလှသောအသီးအနှံဖြစ်ပါသည်။ ဖရဲသီး မျိုးရင်းသည် ဘူးသီး၊ ဖရုံသီး၊ သခွားသီးတို့ပါဝင်သော မျိုးရင်းထဲကဖြစ်ပြီး ရေဓာတ်အလွန်ကြွယ်ဝပါသည်။ ဖရဲသီးသည်အချိုဓာတ်များသော်လည်း ကယ်လိုရီနည်းပါးသောကြောင့် ကိုယ်အလေးချိန်ထိန်းလိုသူများအတွက်လည်း အထူးသင့်လျော်ပါသည်။ မည်သည့် ရာသီတွင်မဆို ဖရဲသီးသည်ဝယ်လိုအားများလျက်ရှိပြီး ဖရဲစိုက်ပျိုးသူ၊ ရောင်းချသူများအတွက်လည်း ဝင်င

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သည် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဆောင်းပြောင်းသီးနှံကိုလည်း ဝတီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ခေါင်ရမ်းကျေးရွာ အုပ်စုများတွင် စိုက်ပျိုးထားလျက်ရှိပါသည်။ ဆောင်းပြောင်းကို စက်တင်ဘာလကုန်နှင့် အောက်တို ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလကုန်နှင့် ဇန်နဝါရီလဆန်းပိုင်း

ပန်းဇီးသီးသည် ခြောက်သွေ့သောရာသီဥတုကို နှစ်သက်သောကြောင့် မိတ္ထီလာ၊ စဉ့်ကိုင်၊ ဝမ်းတွင်းစသော မြန်မာနိုင်ငံရှိအညာဒေသများတွင်စိုက်ပျိုးကြပြီး အချို့ဒေသများတွင် တရုတ်ဇီးသီး ဟုလည်းခေါ်ဆိုကြပါသည်။ ပန်းဇီးသီးသည် ပုံမှန်ဇီးသီးများထက် အရွယ်အစားအနည်းငယ်ကြီးပြီး တောက်ပြောင်သော အစိမ်းရောင်ရှိပါသည်။ အညာဒေသထွက်ပန်းဇီးသီးများသည် အသားထူပြီး အရသာကောင်းမွန်ကာ အာဟာရဓာတ်များစွာပါဝင်ခြင်း၊ ဗီတာမင် C ပါဝင်

မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးရွာခြံမြေ ခြံစီးရိုးများတွင် ကင်ပွန်းချဉ်အပင်စိုက်ပျိုး၍ မိသားစုများ အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။ ဓနုဖြူမြို့နယ်တွင် ချက်ပြုတ်စားသောက်၍လည်းရ၊ ဆေးဖက်လည်းဝင်သည့် ကင်ပွန်းချဉ်ပင်များကို တစ်နိုင်တစ်ပိုင် ပြုစုထိန်းသိမ်း စိုက်ပျိုးထားကြသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ဈေးများတွင် ရာသီပေါ်သီးနှံများ လက်လီ/ကား အစုံအလင်ရောင်းချလျက်ရှိပြီး သီးနှံဈေးများ သင့်တင့်သဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ ပန်းကြွပ်သီး(အသေး) ၁ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသီးအသေး တစ်လုံးလျှင် (၈၀၀ ကျပ်မှ ၁၀

