ကုန်သွယ်မှုသတင်းများ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၃.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၉.၆.၂၀၂၂)ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ)မှာ ယခင်အပတ်(၁၇၅၀၀ဝိ/-) ရှိခဲ့ရာမှ ယခုအပတ်(၁၇၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးလျော့ခဲ့ပြီး နှမ်းပြာယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ်(၁၆၀၀၀ဝိ/-)၊ နှမ်းဖြူယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ် (၁၆၅၀၀ဝိ/-) ယခုအပတ် (၁၆၅၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စိုက်ပျိုးကြပြီး မုန်းချောင်းဘေးတစ်လျှောက်ရှိ မြေနုကျွန်းနှင့် ကိုင်းမြေများတွင် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံ နှင့် နှစ်ရှည်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်းသိရသည်။ အချို့သောဒေသခံ တောင်သူများသည် ရေလွှဲဆည်ရေများနှင့် မြေအောက်ရေများကိုအမှီပြု၍ စပါး၊ ကုလားပဲ စိုက်ပျိုးမှုနှင့
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်၏ သီးနှံကဏ္ဍစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုတိုးတက်ရေး၊ သီးနှံထွက်ကုန်များ ပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပပို့ကုန် မြှင့်တင်၍ နိုင်ငံခြားဝင်ငွေတိုးတက်ရှာဖွေနိုင်ရေးတို့အတွက် ပြည်ပပို့ကုန်အလားအလာရှိသော သီးနှံများ ရှာဖွေဖော်ထုတ်ပြီး စိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာသုံးသပ်တ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ရွှေလံဗိုလ်ငရုတ်သီး ( ဒေသအခေါ် ) စိုက်ပျိုးခြင်းကို မိသားစုတနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် စိုက်ပျိုးသော နာနတ်သီးများ နှစ်စဉ် အခြားမြို့များသို့ တင်ပို့ကာ ဈေးကွက်အတွင်း ဈေးကောင်းရရှိကာ နာနတ်သီးစိုက်ခင်း ပိုင်ရှင်များအနေဖြင့် မိသားစု အပိုဝင်ငွေများ ရရှိနေကြောင်း သိရသည်။