Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Jul 2022

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်စန်းမြင့်ရီသည် တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပြည်တွင်း ထုတ်ကုန်ကဏ္ဍတိုးတက်စေရေးအတွက် အိမ်တွင်းအထည်ချုပ်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့်(၂၉.၆.၂၀၂၂)ရက်နေ့၊ နေ့လည်(၁၂:၀၀) နာရီအချိန်တွင် သွားရောက်တွေ့ဆုံမေးမြန်း ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

06 Jul 2022

          ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇွန်လ(စတုတ္ထ) ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၁)သောင်းခွဲခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၂)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်

06 Jul 2022

          ဇွန်လစတုတ္ထပတ်တွင် မကွေးကုန်စည်ဒိုင်၌ ရာသီပေါ်နှမ်းများ ဈေးကောင်းရနေကြောင်း သိရသည်။နှမ်းနက်(စမုံ)(၁၅)ပိဿာ တစ်တင်းလျှင် (၈၀၀၀ဝိ/-)၊ နှမ်းနက်(ရိုးရိုး) (၁၅)ပိဿာ တစ်တင်းလျှင် (၅၅၀၀ဝိ/-)၊ နှမ်းဖြူ (မကွေး) (၁၅)ပိဿာ တစ်တင်းလျှင်(၆၄၀၀ဝိ/-)၊ နှမ်းနီ (၁၅)ပိဿာ တစ်တင်းလျှင် (၅၈၃၃၃/-)ကျပ်၊ နှမ်းညိုကြား (၁၅)ပိဿာ တစ်တင်းလျှင် (၅၆၀၀ဝိ/-)၊ နှမ်းဖြူ(ဂျပန်) (၁၅)ပိဿာ တစ်တင်းလျှင် (၆၅၀၀ဝိ/-)တို့ဖြင့် ဈေးကောင်းရနေကြောင်း သိရသည်။

05 Jul 2022

         ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှုးရုံး၊ လားရှိုးမြို့မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၂၈.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် မယ်ဟန်ကျေးရွာအုပ်စု၊ နမ့်ခိုက်ကျေးရွာရှိ ဒေါ်မျက်မှန် အမှတ်တံဆိပ် ငရုတ်သီးဆီကြော်အနှစ် စားသောက်ကုန်လုပ်ငန်းထုတ် လုပ်ဖြန့်ဖြူးရောင်းချသော  နေရာသို့သွားရောက်ပြီး ဈေးကွက်၊ ဈေးနှုန်း အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

05 Jul 2022

             မကွေးတိုင်းဒေသကြီးအတွင်း မွေးမြူရေးနှင့်စိုက်ပျိုးရေးကို တွဲဖက်လုပ်ကိုင်ကြသော တောင်သူ များအနေဖြင့် မိမိတို့မွေးမြူထားသော ကျွဲ၊ နွား တိရစ္ဆာန်များအတွက် အာဟာရနှင့်အသားဓာတ် ပိုမို ပြည့်ဝစွာရရှိနိုင်ရန် နေဗီယာမြက်များကို စနစ်တကျတွင်ကျယ်စွာ စိုက်ပျိုးသင့်ကြောင်း မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ အသိပညာပေးလျက်ရှိကြောင်း သိရှိရပါသည်။

Pages