ကုန်သွယ်မှုသတင်းများ
မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနေသောသွင်းအားစုများဖြစ်သည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းများမှာ သြဘာပုလဲမြေသြဇာ N:46% (၈၉၀၀၀) ကျပ်၊ (ရွှေတောင်အိန္ဒိယ) ပန်းဖြူ N:46% မှာ (၉၉၀၀၀) ကျပ်နှင့် အမို N:P:K-15:15:15 မှာ (၁၀၇၀၀၀) ကျပ်၊ သြဘာ N:P:K-16:16:16 မှာ (၁၀၇၀၀၀) ကျပ်၊ အာမို N:P:K-10:10:5 မှာ (၇၀၀၀၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ မှိုဆေးနှင့် ပိုးသတ်ဆေးများမှာ မန်ကိုဇက် (၁ kg) (၁၄၀၀၀) ကျပ်၊ ယူနတီ (၁၀၀ CC) (၉၇၀၀၀) ကျပ်၊ အင်မီဒါကလိုပစ်

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဦးလင်းကိုကိုဖြိုး(ရုံးအကူ)တို့သည် (၂၁.၇.၂၀၂၂)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် မကွေးကုန်စည်ဒိုင်၌ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက်ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါ သည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မကွေးမြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များအား စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန် ထားသော စက်သုံးဆီစျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိအား နေ့စဉ်ကွင်းဆင်းစ

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၄.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၀.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
ယခုမိုးရာသီကာလတွင် ရာသီတုပ်ကွေးများနှင့် ကလေးငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားလျှက်ရှိရာ မကွေးမြို့ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြသော အိမ်သုံး ဆေးဝါးများမှာ ဇူလိုင်လ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် စျေးနှုန်းများပြောင်းလဲခြင်းမရှိဘဲ စျေးနှုန်းများ တည်ငြိမ်လျှက်ရှိကြောင်းသိရှိရပါသည်။