ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးသည် ဇူလိုင်လ(နောက်ဆုံး)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသ များဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ် ဈေးတတ်နေပြီး၊ ကသာခရိုင်တွင် ဈေးအေးနေပါသည်။

ကသာခရိုင်အတွင်းသို့ မန္တလေး၊ မုံရွာ၊ ခင်ဦး၊ ရေဦးဘက်များမှ ကြက်သွန်နီများ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၈၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ်(၅၀)ခန့် ဝင်ရောက်ကြောင်း သိရသည်။
ကွမ်းသီးနှင့်သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီး အကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိကြောင်းသိရှိရပြီး ယခု ဇူလိုင် ၂၈ ရက်တွင် ဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၈၀ဝိ/-)န
မော်လမြိုင်မြို့၌ ယခုဇူလိုင်လတတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန် ဖြစ်နေတဲ့ ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၈၅၀၀၊ ဆင်(ထိုင်း) ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၈၄၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရှိရသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၁.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၇.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။