Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Dec 2022

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မြို့မဈေးကြီးအတွင်းတွင် ထောပတ်သီးများ ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရှိရပါသည်။ ထောပတ်သီးတွင် အညိုရောင်ရှိသောအသီးနှင့် အစိမ်းရောင်ရှိသော အသီးဟူ၍ (၂)မျိုးရှိပါသည်။

09 Dec 2022

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်တွင် နေရာတစ်နေရာရှိ၍ ပုံမှန် အရောင်းအဝယ်သွက်ကာရောင်းချနေသည့် သီးနှံတစ်မျိုးမှာ အုန်းသီးစိမ်းဖြစ်ပါသည်။ အုန်းစိမ်းရည်မှာ နာလန်ထစ လူမမာများ သောက်သုံး ရန်အထူးသင့်တော်သော အားဆေးရည်ပင်ဖြစ်ပါသည်။ COVID-19 First Wave မှစ၍ ရောင်းအား စတင်ကောင်းလာပြီး ယခုအချိန်ထိ ရောင်းအားကျဆင်းခြင်းမရှိပဲ အရောင်းသွက်လျက်ရှိကာ တစ်နေ့လျှင် ရောင်းအားကောင်းလျှင် အလုံး ၁၄၀၀-၁၆၀၀ခန့် ရောင်းအားရှိပြီး၊ ပုံမှန်မှာ တစ်နေ့လျှင် အလုံး ၈၀၀-၁၀၀၀ခန့် ရောင်းအားရှိကြောင်း သိရှိရ

09 Dec 2022

     ပဲခူးတိုင်းဒေသကြီး၊နိုဝင်ဘာလနောက်ဆုံးပတ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော ကြက်သွန်နီဈေးမှာ ယခင်တစ်ပတ်က ၄၄၀၀ကျပ်၊ ယခုတစ်ပတ်မှာ ၄၆၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)နှင့် ရှမ်းစမှာ တစ်ပိဿာလျှင် ၃၈၀၀-၄၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။ ချင်းတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ငရုတ်ခြောက်အရှည်အသေးတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ မန်ကျည်းမှည့်တစ်ပိဿာလျှင် ၃၅၀၀-၄၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ သားငါးဈေးမှာ ကြက်သားတစ်ပိဿာလျှင် ၁၂၀၀၀ ကျ

09 Dec 2022

       ပြည်ခရိုင်တွင် မိုးစပါး စိုက်ဧကမှာ (၂၂၆၄၉၆)ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၄၆၄၂ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၃ဧက၊ ပန်းတောင်းမြို့နယ်တွင် ၄၆၉၃၄ဧက၊ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ စိုက်ပျိုးသောစပါးမျိုးများမှာ အင်းလယ်၊ ဆင်းသွယ်လတ်၊ မနောသုခ၊ ကျော်ဇေယျ၊ ဧရာမင်း၊ မှော်ဘီ၊ အင်းမရဲဘော်နှင့် ထိုင်းနှံကောက် စပါးမျိုးများ ဖြစ်ပါသည်။ ယခုအချိန်တွင် ဧက(၅)သောင်းကျော်ရိတ်သိမ်းပြီး အထွက်နှုန်းအနေဖြင့်ပျမ်းမျှ တင်း ၇၀ခန့်ထွက်သည်ဟု သိရှိရပါသည်။

09 Dec 2022

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်တွင် ခရမ်းဖြူသီး(ခ) ခရမ်းသီးမီးအုန်းသီးများဈေးကောင်းရရှိကာ အရောင်းအဝယ်သွက်လျှက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ခရမ်းဖြူသီးကို မီးဖုတ်၍စားသုံးကြသလို နှပ်၍လည်းစားသုံးကြပါသည်။ တချို့ဈေးကွက်များတွင် ခရမ်းဖြူသီးကို မီးဖုတ်၍ရောင်းချပြီး တစ်လုံးလျှင် ၅၀၀-၆၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ခရမ်းဖြူသီးများကို ပြည်မြို့နယ်အတွင်းရှိ ခွေးရဲနှင့် မှော်ဇာကျေးရွာတို့တွင် စိုက်ပျိုးကြသလို ပုတီးကုန်းနှင့် သဲကုန်းဘက်မှလည်း တင်ပို့ ရောင်းချကြောင်း

Pages