ကုန်သွယ်မှုသတင်းများ
ယခုကာလတွင် ပြည်မြို့ဒေသ ပတ်ဝန်းကျင်ရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ကုန်းရိုး၊ ရွာမ၊ မထော၊ တွင်းဗြည်း၊ ခွေးရဲ စသည့်ရွာများတွင် ကြက်သွန်နီမျိုးစေ့များ ဝယ်ယူကာ ပျိုးထောင်ခြင်းများပြုလုပ်ပြီး ရက်(၂၀)ကြာလျှင် စိုက်ပျိုးကြပါသည်။ မျိုးစေ့ နို့ဆီဗူးတစ်ဗူးလျှင် ၅၅၀၀ကျပ်ဈေးရှိပြီး (၁)ဧကလျှင် မျိုးစေ့(၁၀)ဘူးခန့် စိုက်ပျိုးကြောင်း သိရှိရပါသည်။ စိုက်ပျိုးပြီး ၃လ နှင့် ၃လခွဲကြာလျှင် ထွက်ပေါ်ပြီး စိုက်ခင်းအထိ ပွဲစားဝယ်လက်များ လာရောက်ဝယ်ယူကြောင်း သိရှိရပါသည်။ ပြည်ဒေသပတ်ဝန်းကျ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမှ ရှမ်းအာလူးများနှင့် မန္တလေးဘက်မှ တရုတ်အာလူးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအခါ ရှမ်းအာလူး များ အထွက်နည်းလာ၍ ပြည်ဈေးကွက်သို့ အဝင်နည်းကြောင်း သိရှိရပါသည်။ မန္တလေးမှ တရုတ် အာလူးများ နေ့စဉ် ပိဿာချိန် ၃၀၀၀-၄၀၀၀ အဝင်ရှိပြီး အရောင်းအဝယ်ပုံမှန် အနည်းငယ်ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် အာလူးအလုံး အကြီး အသေးပေါ်လိုက်၍ ကျပ် ၁၈၀၀-၂၀၀၀-၂၂၀၀၊ လက်လီဈေး ကျပ် ၂၄၀၀-၂၈၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူ(ရှမ်းစ) လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၂၅၀၀-၂၈၀၀-၃၂၀၀-၃၆၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၃၈၀၀-၄၀၀၀၊ (ကြူကုတ်) လက်ကား (ပွဲရုံ)ဈေး တစ်ပိဿာလျှင် ကျပ် ၃၆၀၀-၃၈၀၀၊ လက်လီတစ်ပိဿာလျှင် ၃၈၀၀-၄၀၀၀ကျပ်ဈေးဖြင့် ဈေးငြိမ်နေကြောင်း သိရှိရပါသည်။ ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီး၊ အင်းလေး၊ ပင်းတယမှ ရှမ်းကြက်သွန်ဖြူများ နေ့စဉ်အဝင်ရှိသလို မန္တလေးဘက်မှလည်း ကြူကုတ်များ နေ့စဉ်အဝင် ရှိပါသည်။ တစ်နေ့လျှင် ကြက်သွန်ဖြူ ပိဿာချိန် ၂၀၀၀ မှ၃၀၀၀အတွင်း အဝင်ရှိပြီး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ကုန်စည်ဒိုင်တွင်ရောင်းဝယ်လျှက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲ၊ စားတော်ပဲ၊ ပဲကြီးဈေးများမှာ နိုဝင်ဘာလတတိယပတ်မှာ ပဲဈေးတက်နေပြီး စတုတ္ထပတ် မှာတော့ ဈေးကျလျက်ရှိကြောင်း သိရှိရပါသည်။
ယခုအပတ် ပြည်မန်ကျည်းမှည့် ပွဲရုံများတွင် နယ်အဝယ်လုံးဝမရှိတော့ဘဲ ဒေသအတွင်း အရောင်းအဝယ်သာရှိနေပြီး တစ်နေ့လျှင် ပိဿာ (၁၀)ကျော်ခန့် လက်လီသမားတို့သာ ဝယ်ယူမှုရှိပါသည်။ မန်ကျည်းမှည့် (ကတုံး)တစ်ပိဿာလျှင် ၁၈၀၀ကျပ်နှင့် (အသားဈေး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်တို့ဖြင့် လက်ကားရောင်းချနေကြောင်း သိရှိရပါသည်။ လက်လီဈေးများတွင် မန်ကျည်း မှည့် (အသား) ဈေးမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိနေပါသည်။ ယခု အပတ်တွင် မန်ကျည်းမှည့်ဈေးမှာ အတက်အကျမရှိဘဲ ဈေးငြိမ်နေကြောင်း သိရှိရပါသည်။
