ကုန်သွယ်မှုသတင်းများ
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၂၂.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ကယားပြည်နယ်တွင် အုတ်ရိုက်လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိသော ဘိလပ်မြေကို အခြားဒေသများမှ တင်သွင်းကြပြီး (၁.၅.၂၀၂၃) ရက်နေ့မှ (၁၄.၅.၂၀၂၃) ရက်နေ့အတွင်း ဘိလပ်မြေအိတ်ပေါင်း (၁၀၆၉၀)အိတ် တင်သွင်းလာကြောင်း မြို့ဦးဂိတ် စာရင်းများအရ သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့်လည်း ယခုအပတ်အတွင်း Apache ၊ KBZ ၊ Dragon တစ်အိတ်လျှင် (၁၀၅၀၀)ကျပ်ဖြင့် အရောင်းဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache ၊ KBZ ၊ Dragon တစ်အိတ်လျှင် (၃၀၀)ကျပ်ဖြင
ကယားပြည်နယ်တွင် (၉-၅-၂၀၂၃) ရက်နေ့မှ (၁၅-၅-၂၀၂၃) ရက်နေ့အထိ ရန်ကုန်မြို့မှ ဆန်(၅၃၀၀)အိတ်(၂၆၅)တန်ခန့်လည်းကောင်း၊ ရွှေဘိုမြို့မှ ဆန်(၁၃၉၀)အိတ်(၆၉)တန်ခန့်လည်း ကောင်း၊ မန္တလေးမြို့မှဆန်(၂၂၀)အိတ်(၁၁)တန်ခန့်လည်းကောင်း ကယားပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများပြုလုပ်ခဲ့ပါကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။
