Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 May 2023

ဖိလစ်ပိုင်နိုင်ငံ၌ ဈေးနှုန်းတည်ငြိမ်စေရန်နှင့် နိုင်ငံ၏အရန်စုဆောင်းမှုထားရှိကို မြှင့်တင်ရန် အတွက် သကြားမက်ထရစ်တန်ချိန် ၁၅၀၀၀၀ ထပ်ဆောင်းတင်သွင်းခွင့်အား သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

23 May 2023

အယ်လ်နီညိုခြောက်သွေ့ကာလကြောင့် သီးနှံအထွက်နှုန်းများ ကျဆင်းနိုင်မှုက စိုက်ပျိုးသူများအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး အထူးသဖြင့် ကုန်စည်ဝယ်လိုအားနှင့် အသုံးပြုမှုမြင့်တက်လာခြင်းနှင့်အတူ စားအုန်းဆီကြမ်း ဈေးနှုန်းများ အတက်အကျများစွာ ဖြစ်ပေါ်မှုကြောင့် စားအုန်းဆီနယ်ပယ်အပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မလေးရှား The Star သတင်းဌာနက ဖော်ပြခဲ့ပါသည်။

23 May 2023

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၏ မေလ (၁၅)ရက်နေ့၌ ထုတ်ပြန်ထားသောအမိန့်တွင် စားအုန်းဆီကြမ်း (CPO) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၉၃.၂၃ အား ရည်ညွှန်းဈေးအဖြစ် သတ်မှတ်ခဲ့ရာ ယခင် မေလ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း သတ်မှတ်ထားသော ရည်ညွှန်းဈေး အမေရိကန်ဒေါ်လာ ၉၅၅.၅၃ ထက် ဈေးနှုန်းများ ကျဆင်းလာခဲ့သည်။ ယခုရည်ညွှန်းဈေးအသစ်အရ စားအုန်းဆီကြမ်းတစ်တန်လျှင် တင်ပို့မှုအခွန်မှာ အမေရိကန်ဒေါ်လာ ၇၄ ဖြစ်၍ စည်းကြပ်ခွန်မှာ အမေရိကန် ဒေါ်လာ ၉၅ သာ ကောက်ခံတော့မည်ဖြစ်ရာ ယခင် (၁၅) ရက်ထက် အခွန်များလျော့ကျသွားကြောင်

23 May 2023

ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်အဆိုပြုလွှာအပေါ် တရုတ်နိုင်ငံအထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဦးစီးဌာန (GACC)က သဘောတူခွင့်ပြုခဲ့ရာ တရုတ်ပြည်တွင်း၌ ကမ္ဘောဒီးယား ငရုပ်ကောင်းများကို တိုက်ရိုက်ဝယ်ယူ ရရှိနိုင်တော့မည်ဖြစ်ပါသည်။

23 May 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်တွင်းဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်ပမှ ကြက်သွန်နီတင်သွင်းမှုကို မကြာမီခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန် Ms. Wahida Akhtar က ပြောဆိုပါသည်။

Pages