ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်းဈေးများအား အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်လျက်ရှိကြောင်း သိရှိရသည်။

ဟုမ္မလင်းမြို့မောင်းခမ်းကျေးရွာတွင် လက်ဖက်စိုက်ခင်းဧကတစ်ထောင်ကျော်ရှိကြောင်း သိရသည်။ ဒေသထွက် လက်ဖက်စိုကို မက်လင်သီး၊ စောင်းလျားသီးများဖြင့် ရောနှောကာ လက်ဖက်ချဉ်နှပ် ပြုလုပ်ရောင်းချခြင်းမျ

ငါးခြောက်သည် မြန်မာနိုင်ငံတွင်ရှေးအစဉ်အလာကတည်းက အသုံးပြုလာခဲ့သော အစား အစာတစ်မျိုးဖြစ်ပြီး ပရိုတင်းဓာတ်ကြွယ်ဝ၍ ချက်ပြုတ်ရန်လွယ်ကူပြီး လူကြိုက်များ၍ အထား အသိုခံသောကြောင့် စားသုံးမှုများကြောင်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်သည် နှစ်ရှည်ပင်သီးနှံများကို စိုက်ပျိုးကြသော် လည်း တညင်းသီးပင်စိုက်ပျိုးဖြစ်ထွန်းမှု မရှိကြောင်း၊ တညင်းပင်သည် မြန်မာနိုင်ငံအပူပိုင်းဒေသ များ တွင် ပေါက်ရောက်မှုနည်းပြီး၊ အအေးပိုင်းဒေသများဖြစ်သော ရှမ်းပြည်နယ်၊ မြစ်ကြီးနားမြို့ နှင့် ပြင်ဦးလွင်ဒေသများတွင်ပေါက်ရောက်ကြောင်း၊ ထွက်ပေါ်ချိန်မှာ(မေလမှ ဩဂုတ်လ) ဖြစ်ပြီး၊ နွေရာသီ

ကင်းပုံသီးသည် မြန်မာနိုင်ငံတွင် သဘာဝအလျောက်ပေါက်ရောက်သောအပင်ဖြစ်သလို စိုက်ပျိုးရလွယ်ကူသောနွယ်ပင်မျိုးဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်ရှိ နဘူးအိုင်ရွာနှင့် တလုပ်ကျေးရွာ အချို့တွင် ကင်းပုံပင်ကို စီးပွားဖြစ်စနစ်တကျ စိုက်ပျိုးထားကြကြောင်း၊ စိုက်ပျိုးစရိတ် သက်သာပြီး ဝင်ငွေလည်းရရှိကြောင်း သိရှိရသည်။ ဒေသတွင်း ဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ကင်းပုံသီး ၂၅ ကျပ

