ကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည့်အပြင် တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိပါသည်။ အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်သော အုန်းတံမြက်စည်း လုပ်ငန်းကိုလည်း ကျောက်ဆည်မြို့နယ်၊ အုန်းခရိုင်ကျေးရွာတွင် လုပ်ကိုင်ရောင်းချ လျက်ရှိပါသည်။ အုန်းတံမြတ်စည်း ပြုလုပ်ရန် အဓိကကုန်ကြမ်းမှာ အုန်းဆံဖြစ်ပြီး အုန်

မန္တလေးတိုင်းဒေသကြီး ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့နယ်အနေဖြင့် မြေပဲ(မိုး)များ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်းသိရှိရပြီး မိုးမြေပဲများကို မတ်လတွင် စတင်စိုက်ပျိုးကျကြောင်း၊ ယခု နှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် ယခုအချိန်တွင် အပင်များကောင်းမွန်စွာ အောင်မြင် ဖြစ်ထွန်းနေပြီး ဩဂုတ်လနောက်ဆုံးအပတ်တွင် စတင်ရိတ်သိမ်းနိုင

ကျောက်ဆည်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးနှင့် သီးနှံထွက်ကုန်များ အဓိထားစိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ နနွင်းသီးနှံလည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ နနွင်းသီးနှံကို မြစ်သား မြို့နယ်တွင် (၉၈၅)ဧကစိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာနများ၏စာရင်းများအရ သိရှိရပါသည်။ ပုံမှန်အားဖြင့်နနွင်း သီးနှံစိုက်ပျိုးချိန်သည် မေလနှင့်

ကျောက်ဆည်ခရိုင်အတွင်းရှိ စားဖိုဆောင်သီးနှံများဖြစ်သည့် ဂျင်းများဒေသတွင်း ထွက်ရှိမှုမရှိသည့်အတွက် ရှမ်းပြည်နယ်အောင်ပန်းမှ အများဆုံးဝင်ရောက်လျက်ရှိပါသည်။ ဂျင်းတက်ဈေးနှုန်းအနေဖြင့် ဂျင်းတက်တစ်ပိဿာလျှင်(၃၀၀၀-၃၂၀၀)ကျပ်ဖြင့်ရောင်းချလျက် ရှိကြောင်း၊ ဂျင်းကိုဟင်းလျာများတွင် အနံအရသာတိုးစေဖို့ အသုံးပြုကြကြောင်း၊ အသားများ တွင်အညှီနိုင်စေရန်အတွက် အသုံးပြုကြပါသ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ခရမ်းချဉ်သီးကို တွင်ကျယ်စွာစိုက်ပျိုးလျက်ရှိရာ ယခုအခါ ကျောက်ဆည်ခရိုင်အတွင်းသို့ ရှမ်းပြည်နယ်မှထွက်ရှိသော ခရမ်းချဉ်သီးများ ဖြိုင်ဖြိုင် ဝင်ရောက်လျက်ရှိပါသည်။ ယခုဇူလိုင်လ ဒုတိယပတ်တွင် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် အောင်ပန်း ဒေသထွက်ခရမ်းချဉ်သီး အကြီး(၁၀)ပိဿာလျှင် (၂၄၀၀၀/-)ကျပ် အလတ် (၁၀)ပိ
