ကုန်သွယ်မှုသတင်းများ
Powered by Drupal
16 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုး ဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည် ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ် တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်

16 Jul 2025
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကုလားပဲ ချောင်းများကို မိမိတို့ ဒေသထွက်အချို့ နှင့် မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ ကုလားပဲချောင်းကြော်သည် ကြွပ်ကြွပ်ရွရွလေးဖြင့် စားလို့ကောင်းကာ ရာသီးမရွေး ရောင်းချ နိုင်သော စားသောက်ကုန် တစ်မျိုးဖြစ်ပါသည်။

16 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါ သည်။

16 Jul 2025
ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ ကြက်မောက်သီး၊ နာနတ်သီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ ကြက်မောက်သီးကိုလည်း မန္တလေးမြို့နှင့်လားရှိုးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

16 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း မိမိတို့ တောင်ယာများအတွင်း စိုက်ပျိုးပြီး ထွက်ရှိသည့် သရက်သီးများကို အခြား ဒေသများသို့ ပို့ဆောင်ရောင်းချရန် အဆင်မပြေသည့်အတွက် မိမိဒေသတွင်သာ R2E2 သရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
R2E2 သရက်သီးမှည့်သည် အခြားသရက်သီးများထက် အလုံးအရွယ်အစား ပိုကြီးထွားပြီး အမျှင်မပါဘဲ အသားကအိအိလေးဖြစ်ပြီး အချိုဓါတ်နည်းတာကြောင့် ဆီးချိုသမားများ စားသုံးရန် အတွက် သင့်တော်သော သရက်သီးဖြစ်ကြောင်း သိရသည်။

