Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တွင် ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ကွမ်းသီးနှင့် ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် ကွမ်းသီး (ရှယ်) ( ၁ )ပိဿာလျှင်( ၂၂၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အလတ်စ ( ၁ )ပိဿာလျှင် ( ၂၀၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့ ( ၁ ) ပိဿာလျှင် (၁၇၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကွမ်းရွက် ( ရှယ်) ( ၁ )ပိဿာလျှင် ( ၁၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ အလတ်စား ( ၁ ) ပိဿာလျှင် ( ၇၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ အညံ့စား ( ၁) ပိဿာလျှင် ( ၅၀၀၀)ကျပ်ဖြင့်လည်းကောင်း၊
16 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့သည် ချင်းတောင်ဒေသ၏ တံခါးဝပေါက်ဟု လူသိများကြပါသည်။ ယခုအခါ ချင်းတောင်မှတင်ပို့လာသည့် ခရမ်းချဉ်သီး၊ အာလူသီး၊ ဂေါ်ရခါးသီး၊ ပန်းမုန်လာပွင့်၊ ဂေါ်ဖီထုပ်၊ တောင်ပေါ်ခရမ်းခါးသီး၊ ဗိုလ်စားပဲသီး၊ ဂျင်း၊ များ လုံလောက်စွာရရှိသဖြင့် ကလေးမြို့အနေဖြင့် သင့်တင့်သော စျေးဖြင့်သာ ဝယ်ယူစားသုံးနေရပါသည်။ ချင်းတောင်ဒေသမှ ထွက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အနည်းငယ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
16 Jul 2025
ကမ္ဘောဒီးယားအထက်အလွှတ်တော်ဥက္ကဌဟွန်ဆန်က PTT Gas Station ပိုင်ရှင်များအား အမည်ပြောင်းလဲစရာမလိုသော်လည်း လောင်စာအရင်းအမြစ်များကို ထိုင်းနိုင်ငံထက် အခြားနိုင်ငံ များထံမှတင်သွင်းရန်တိုက်တွန်းခဲ့ပြီး ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူတို့ထံမှတင်သွင်းရန် အကြံပြုခဲ့ကြောင်း သိရပါသည်။ ဟွန်ဆန်က ထိုင်းနိုင်ငံအစရှိသည့် အနာဂတ်ခြိမ်းခြောက်လာနိုင် မှုများကို တုံ့ပြန်ရန်အတွက် ကမ္ဘောဒီးယားက မိမိကိုယ်တိုင်မီခိုနိုင်စွမ်းရှိရန် လိုအပ်သည့် လျှပ်စစ်၊ အင်တာနက်၊ လောင်စာနှင့် အခြားကိစ္စရပ် တို့ပါဝင်သည့်
16 Jul 2025
၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၃၈၇၀၇၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈၃ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) က ပြောကြားခဲ့ပါသည်။ ထိုဆန်များကို ပို့ကုန်လုပ်ငန်း ၅၀ ခုမှ နေရာပေါင်း ၆၃ ခုသို့တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ၎င်းပမာဏထဲတွင် အမေရိကန် ဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိသောဆန်တန်ချိန် ၁၈၂၈၈၅ တန်ကို ဥရောပနိုင်ငံများ၊ အမေရိကန် ‌ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိသော ဆန်တန်ချိန် ၁၀၂၅၀၉ တန်ကို တရုတ်နှင့် ၎င်း၏ ကိုယ်ပိုင် အုပ်ချ
16 Jul 2025
တိုယိုတာမော်တာဗီယက်နမ်က ၎င်းတို့သည် ၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် ကားအစီးရေ ၂၉၀၀၀ ကျော်ကို ဗီယက်နမ်စားသုံးသူများထံရောင်းချခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၂ ရက်နေ့ကကြေညာခဲ့ပါ သည်။ ကုမ္ပဏီသည် ဇွန်လကုန်တွင် ဗီယက်နမ်၌ စုစုပေါင်းကားရောင်းချရမှုပမာဏမှာ အစီးရေ ၉၉၉၈၅၇ စီးထိရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ကုမ္ပဏီသည် ဗီယက်နမ်တွင် ၎င်းတို့အမှတ်တံဆိပ်ရောက်ရှိမှုနှစ် ၃၀ ပြည့်အခမ်းအနားတွင် ကားရောင်းချမှုအစီးရေ ၁ သန်း

Pages