ကုန်သွယ်မှုသတင်းများ
Powered by Drupal
16 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ များကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများ နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

16 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး နှင့် သစ်ရာမြိုင်ဈေးများတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

16 Jul 2025
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကင်းမုံသီးကို ကျွန်းလှမြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာများမှ ကင်းမုံသီးကို စင်ထိုး ပြီး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီး စိုက်ပျိုးကြကြောင်းသိရသည်။

16 Jul 2025
အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်းရေးရာနှင့် ငါးဖမ်းလုပ်ငန်းဝန်ကြီး Sakti Wahyu Txenggono က အင်ဒိုနီးရှားနိုင်ငံ၏ ရေထွက်ကုန်များ တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် တွင် တစ်နှစ်ထက် တစ်နှစ် ၆.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၉၄ ဘီလီယံသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ပါလီမန်အဆောက်အအုံတွင် အောက်လွှတ်တော် ကော်မရှင် IV နှင့် တွေ့ဆုံစဉ် Sakti Wahyu Txenggono က ရေထွက်ပစ္စည်း တင်ပို့မှုပမာဏသည် ၂၀၂၅ ခုနှစ် သုံးလတွင်း စုစုပေါင်းတန်ချိန် ၄၃၀၀၀၀ အထိ ၂.၃ ရာခိုင်နှုန်းတိုးလ

16 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းစုပေါင်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တွင် ဒေသထွက်ကုန်များ၊ အသား/ ငါး၊ ဟင်းသီးဟင်းရွက်များ၊ လူ့အသုံးအဆောင်ပစ္စည်းများနှင့် ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုးဖြစ်သည့် ဒေသထွက် လက်မှုပစ္စည်းများ လာရောက် ရောင်းချလျက် ရှိပါ သည်။ ဒေသထွက် လက်မှုပစ္စည်းများထဲမှ ဂျုံခမောက်နှင့် ဝါးခမောက်များ အရောင်းသွက်လျက် ရှိကြောင်း သိရသည်။ ဂျုံခမောက်ဈေးနှုန်းများအနေဖြင့် အသေး( ၁ )လုံးလျှင် ( ၄၅၀၀ ) ကျပ်၊ အကြီး ( ၁ )လုံးလျှင် (၆၀၀၀) ကျပ်နှင့် အကြီး ( ၁ )လုံးလျ

