ကုန်သွယ်မှုသတင်းများ
Powered by Drupal
22 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို အသက်မွေးဝမ်းကျောင်းဖြင့် စိုက်ပျိုးရောင်းချကြပါသည်။ ယခုလရာသီ တွင် ဌက်ပျောသီးဈေးကောင်းရရှိ၍ ဝင်ငွေများပိုမိုရရှိကြောင်း သိရှိရပါသည်။ ဌက်ပျောသီး အမျိုးအစားတွင် ဆင်အံသီး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့သည် လူကြိုက်များသည်အတွက် ရောင်းအားအလွန်ကောင်းကြောင်း သိရှိရပါသည်။ အိမ်ခြံဝန်းများတွင်လည်း အသီးသီးစိုက်ပျိုး ကြပြီး စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် တစ်နိုင်တစ်ပိုင် တင်ပို့ရေ

22 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင်ပဲပင်ပေါက်ကို နေရာအနှံအပြားတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ရောင်းချကြပါသည်။ ပဲပင်ပေါက်ကို ပဲတီပင်ပေါက်ဖောက်၍ ရောင်းချလျက်ရှိရာ ပဲတီစိမ်းအပင်ပေါက်ရာတွင်လည်း အသစ်ပေါ်သောပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်းအဟောင်းကိုသာရှာဝယ်ပြီး ပဲတီပင်ဖောက်ကြကြောင်း သိရှိရပါသည်။ ယခင်အပတ် ဆိပ်ကြီးစည်ပင်သာယာဈေးကြီးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် တခြားကုန်စည်ဒိုင်များမှလည်း ဝယ်ယူရောင်းချနေကြောင်း ကုန်စိမ်းရောင်းချနေသူထံမှ သိရှိရပါသည်။

22 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဆိပ်ငယ်စည်ပင်သာယာဈေးနှင့် စမ်းချောင်းကုန်စိမ်းဈေးများတွင် နေ့စဉ်ဈေးရောင်းသူဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများဒေသ ထွက်ကုန်များအပြင်တခြားဒေသမှ ဝင်ရောက်သည့် လူသုံးကုန်နှင့်စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိပါသည်။ ယခုလ ရာသီပေါ်စာသီးနှံဖြစ်သည့်ခဝဲသီးကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

22 Jul 2025
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ရာသီပေါ်ဖြစ်သောရှောက်သီးများ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ ယခုမိုးရာသီဖြစ်သောအချိန်တွင် ရှောက်သီး စတင်ထွက်ရှိသောကာ လဖြစ်သည့်အပြင် ထွက်ရှိနှုန်းနည်းသောကြောင့် စျေးနှုန်းများကောင်းလျက်ရှိကြောင်းသိရှိရပါသည်။ ဒေသထွက်တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို အခြားဒေသများမှလည်းတင်သွင်းရောင်းချလျက်ရှိပါသည်။

22 Jul 2025
မိုးရာသီတွင် ပေါများစွာထွက်ရှိသော မျှစ်များကို မြိတ်မြို့ပေါ်ရှိစျေးများတွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အပြင် စားဖိုဆောင်သီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာသီ၌သာ ရရှိသောကြောင့် ကျန် ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံးကြသလို ကြော်ချက်၊အပြုတ်၊ အတို့အမြုပ်အဖြစ်လည်း စားသုံးကြသည်။ ချဉ်သောအရသာရှိ၍အနံ့ ပျင်းသောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင်များများဖြင့် ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည်

