ကုန်သွယ်မှုသတင်းများ
Powered by Drupal
17 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ရှင်မွေးလွန်းပန်း၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

17 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးများ ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးသည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက် နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံ ဖြစ်သည်။
ဂျပန်ပျားလိမ္မော်သီးသည် လိမ္မော်သီးမျိုးစိတ်ဖြစ်ပြီး လိမ္မော်သီးနှင့်မတူဘဲ အရသာ အနည်းငယ်ကွဲပြားသည်။ အရသာမှာ လိမ္မော်သီးနှင့်မတူ ဘဲ အချဉ်ဓါတ်အနည်းငယ်ပါဝင်သည်။

17 Jul 2025
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ) ၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

17 Jul 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုပ်သီးနှံအပြင် နနွင်း

17 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် နဂါးမောက်သီးများ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။ ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။

