ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်သည် အူရှင်းစေသောအစားအစာဖြစ်ပြီး ကင်ပွန်းသီးကိုလည်း ခေါင်းလျှော်ရည်ထဲတွင် ထည့်သွင်းအသုံး ပြုကြပါသည်။

21 Jul 2025
ကျောက်ဖရုံသီးသည် အာဟာရဓါတ်ပြည့်ဝပြီး ဗီတာမင်Bနှင့်Cအပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓါတ်နှင့် အမျှင်ဓါတ်တို့လို ခန္ဓာကိုယ်တွေကြွယ်ဝပါတယ်။ ကျောက်ဖရုံသီး သည် အစာအိမ်အနာသက်သာစေခြင်း၊ အူတွင်းပိုးမွားများရှင်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ ချရာတွင် အထောက်အကူပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို သက်သာပြေလျောစေခြင်းစသည့်ရောဂါများကို ကုသနိုင်စွမ်းရှိကြောင်းသိရပါသည်။

21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံစိုက်ပျိုးမှု စာရင်းများ အရမြေပဲ(၆၆၁၄၂)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသထွက်မြေပဲလုံးဆံအသစ်များမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ရာ ယခုအချိန်တွင် ဒေသထွက်မြေပဲလုံးဆံများ အဝင်နည်းသွားသဖြင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင်ရော

21 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့ နေအိမ်ခြံဝင်းနှင့် လယ်ယာမြေများတွင် သီးပင်စားပင်များအပြင် မုန်လာဉပင်များလည်း စိုက်ပျိုးထား ကြပါသည်။ စိုက်ပျိုးထွက်ရှိသော မုန်လာဉပင်များကို ကားများ၊ သုံးဘီးယာဉ်များ၊ဆိုင်ကယ်များဖြင့် တင်ပို့ရောင်းချကြပြီး (၅)လုံးတစ်စည်းလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ် အထိရှိပြီး ဒေသထွက် မုန်လာဉများက ကျန်မြို့များမှကုန်သွယ်တင်ပို့သော မုန်လာဉများထက် အနည်းငယ်ဈေးသင့်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)

21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင

