ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်ပင် ဖြစ်သည့် ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

21 Jul 2025
ဂွေးပင်များကို အထက်နှင့်အောက် မြန်မာနိုင်ငံရှိ ဥယျာဥ်များတွင်လည်ကောင်း ၊ လမ်းဘေးတစ်လျှောက်တွင်လည်းကောင်း တစ်ခါတစ်ရံ တွေ့မြင်နိုင်သော်လည်ကောင်း ယင်းတို့ သည် အထူးတလည် စိုက်ပျိုးကြရသော အပင်များဟုမဆိုနိုင်ချေ။ အစေ့ကိုစိုက်၍ အပင်သစ်မျိုးပွားရ အောင်ပြုလုပ်ယူနိုင်သည်။ အစေ့ကိုပျိုး၍ရသည့် တစ်နှစ်သားအရွယ်ရှိ အပင်ငယ်တွင် အကိုင်းဆက်ခြင်းဖြင့်လည်း အပင်သစ်ပွားအောင် လုပ်ယူနိုင်ပေသေးသည်။

21 Jul 2025
မြန်မာတို့၏ မနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည်တစ်မျိုး ဖြစ်သည်။ ပဲပြုတ်ကို ထမင်းပူပူလေးနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့် ဖြစ်စေ စားသုံးလေ့ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာကောင်းမွန်သည့် ပဲပြုတ်ကို လွယ်လွယ်ကူကူနှင့်မရပါ။
စားတော်ပဲပြုတ်ကို ထားဝယ်မြို့ ညနေဈေး၌ (၁၀)သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းရပြီး တစ်နေ့လျှင် စားတော်ပဲပြုတ် (၂)ပိဿာမှ (၃)ပိဿာအထိရောင်းရကြောင်း ပဲပြုတ်သည် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

21 Jul 2025
ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းတွင် ဟင်းချိုထဲထည့်ချက်ခြင်း(သို့မဟုတ်) အတို့အမြုပ်အဖြစ် စားသုံးလေ့ရှိကြပါသည်။ ပဲစောင်းလျားသီး နုနုလေးများကို ရေနွေးဖျော၊ ပါးပါးလှီးပြီးနောက် ပုစွန်ခြောက်လေးနှင့် သုပ်စားပါကလည်း လက်ဖက်သုပ်လိုမျိုး ရေနွေးကြမ်းနှင့်လိုက်ဖက်သော မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါသည်။ ပဲစောင်းလျားသီးသည် စျေးတွင် အမြဲရှိသော်လည်း အမြဲမဝယ်စားဖြစ်သော အသီးထဲတွင် ပါဝင်ပြီး ပဲစောင်းလျားသီးကို ထားဝယ်မြို့နယ် စည်ပင်သာယာစျေးတွင် တစ်စည်းလျှင်(၅၀၀ိ/-)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိပါသည်

21 Jul 2025
၂၀၂၅ ခုနှစ် ဇွန်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၅၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၇၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။
