ကုန်သွယ်မှုသတင်းများ
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် သစ်သီးမျိုးစုံကို ရောင်းချသည့်ဆိုင်များတွင် ဒူးရင်းသီးကို မန္တလေးမြို့မှ တဆင့် မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်သူများရှိသည်အနက် တောတောင်ကို အမှီပြု၍ သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို ရှာဖွေလျက်ရှိပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျ

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး နှင့် ခဆော့သီးကိုလည်း ရောင်းချလျက် ရှိကြောင်း သိရသည်။

