ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
ဒန်းပန်းလေး၏ အဓိပ္ပာယ်က “ဘဝကိုအရှုံးမပေးနဲ့”ဟူ၍ဖြစ်သည်။ ယခုလို မိုးတွင်းရာသီသည် ဒန်းပန်းပွင့်ရာသီဖြစ်သည်။ ဒန်းပန်းပွင့်နေသောအပင်နား လမ်းလျှောက်မိလျှင်ဖြင့် အခြားပန်းများနှင့်မတူတဲ့ ဒန်းပန်းရနံ့သည် လူတို့၏ စိတ်ကို ကြည်လင်လန်းဆန်းခွန်အားကို ဖြစ်စေပါသည်။ ဒန်းပန်းပွင့်လေးများသည် အဝါနုရောင် အဆုတ်လိုက် အခိုင်လိုက်ပွင့်ပြီး အသီးများသည်လည်း အဆုတ်လိုက် အခိုင်လိုက်သီးကြသည်။ ၎င်းအသီးများရင့်မှည့်လာပါက ဒန်ပန်းစေ့များမှ ဒန်းပန်းပင်မျိုးပွားလာပါသည်။မြန်မာနို်ငငံတွင် အများအားဖြင့် စနေနံပန်းမို့ဒန်းကိုင်းကို

17 Jul 2025
တည်သီးပင်ကတော့ အေး၍ မိုးများသော အရပ်ဒေသများတွင် အောင်မြင်ဖြစ်ထွန်းပါသည်။ မိုးကုတ်ဒေသ၊ ပြင်ဦးလွင်ဒေသနှင့် အခြားသော တောင်ပေါ်ဒေသထွက် သီးပင်စားပင်များဖြစ်သည်။ တည်သီး အကျွတ်မျိုးနှင့် အပျော့မျိုး ဟူ၍ နှစ်မျိုးရှိသည်။ တည်သီးပင်သည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး တစ်ခါစိုက်ထားလျှင် တစ်သက်လုံးစားသုံးနိုင်သည်။ တည်သီးပင်၏ ဇစ်မြစ်သည် တရုတ်ပြည်ကဖြစ်သည်။ တည်သီး၏အရောင်မှာ လိမ္မော်ရင့်ရောင် ဖြစ်သည်။ တည်သီးပင်မှ အမပွင့်တည်းကိုသာ ပွင့်ပါသည်။ တည်သီးသည် မရင့်မှည့်ခင် ဖန်သောအရသာ ရှိပြီး ရင့်မှည့်ပြီးက ချိုမွှေးသော

17 Jul 2025
အင်းကြင်းပန်း၏ အဓိပ္ပာယ်သည် “ မြင့်မြတ်သော ဘာသာရေးထုံးတမ်းများ” ဟူ၍ ဖြစ်သည်။ အင်ကြင်းပင်ကို ပါဠိလို လုမ္ဗီနီ ဟုခေါ်သည်။ အင်ကြင်းပန်းသည် ကြာပန်းနည်းတူ ဗုဒ္ဓဘာသာဝင်တို့အမှတ်သင်္ကေတပန်းဖြစ်သည်။ အင်းကြင်းပန်းသည် အပင်ကြီးမျိုးဖြစ်ပြီး အပူပိုင်းနှင့် သမပိုင်းဒေသများတွင် ရှင်သန်ဖြစ်ထွန်းပါသည်။ အင်ကြင်းပန်းပင်ကို ဘုရားစေတီ ဘုရားဝင်းနှင် ဘုန်းကြီးကျောင်းများတွင် အများဆုံးစိုက်ပျိုးကြသည်။ အင်ကြင်းပင်သည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး (၅)နှစ်(၁၀)နှစ် သက်တမ်းရှိမှ ပန်းပွင့်ပါသည်။ ယခုအချိန်တွင် အင်ကြင်း ပန်း၏

17 Jul 2025
မန္တလေးဈေးကွက်အတွင်းသို့ ဇူလိုင်လဆန်းပိုင်းမှစ၍ ပေါ်ဦးပေါ်ဖျားဖန်ခါးသီးများ ဝင် ရောက်လာပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသဘက်မှ အများဆုံးဝင်ရောက် လျှက်ရှိကြောင်း သိရှိရသည်။ ဖန်ခါးသီးသည် နာမည်နှင့်လိုက်အောင် ဖန်လည်းဖန် ခါးလည်းခါး သည်။ ဖန်ခါးသီးသည် သွားနှင့်ခံတွင်းကို ထိခိုက်စေသည့် ဘက်တီးရီးယားများကို တိုက်ဖျတ်ပေးပြီး သွားနှင့်ခံတွင်းကို ကျန်းမာစေပါသည်။ ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ သွေးတွင်း ကိုလက်စထရောကို ထိန်းညိှပေးနိုင်ပြီး နှလုံးကို ကျန်းမာစေပါသည်။ ကိုယ်လက်နာကျင်ကိုက်

17 Jul 2025
မြန်မာနိုင်ငံတွင် (၁၂)လ ရာသီစက်ဝန်းအလိုက် ပန်းကလေးများ ပွင့်တတ်ပါသည်။ တန်ခူးလရာသီပန်းပိတောက်ပန်း၊ကဆုန်လရာသီပန်း ၊စကားဝါပန်း၊ နယုန်လရာသီပန်းစံပယ်ပန်း၊ ဝါဆိုလရာသီပန်းပုန်းညက်ပန်း၊ဝါခေါင်လရာသီပန်းခတ္တာပန်း၊တော်သလင်းလရာသီပန်းရင်းမာပန်း၊သီတင်းကျွတ်လကြာပန်း၊တန်ဆောင်မုန်းလခဝဲပန်း၊နတ်တော်လသဇင်ပန်း၊ပြာသိုလခွာညိုပန်း၊ တပို့တွဲလပေါက်ပန်း၊ တပေါင်းလသရဖီပန်း ဟူ၍ ရာသီစက်ဝန်းအလိုက် ပွင့်သောပန်းများရှိသည်။ မြန်မာနိုင်ငံသည်လှပသော တောတောင်ရေမြေ သဘာဝအလှကို ပိုင်ဆိုင်ထားပါသည်။ ရင်းမာပန်းသည်မွှေးသောယဉ်သော ပန်းဖ

