ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှ ၂၀၂၄ခုနှစ်အတွင်း စိုက်ပျိုးထွက်ရှိသည့် သိပ္ပံနှမ်းနက်(ခေါ်)နှမ်းနက်(စမုန်)များသည် ဩဂုတ်လလယ်ပိုင်းမှစ၍ အောင်လံမြို့ပေါ်ဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ကြောင်းသိရသည်။ ယခင်၂၀၂၃ခုနှစ် နှမ်းစိုက်ဧကမှာ (၅၈၈၃၃)ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် စိုက်ဧကမှာ(၅၈၉၀၅)ခန့်ရှိကြောင်း၊ ရိတ်သိမ်းချိန်တွင်လည်း (၁)ဧကလျှင် (၆)တင်းမှ (၁၀)တင်းထိထွက်ရှိကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ဇေယျာသီရိဈေး၌ မကွေးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်ကြီးမြို့တို့မှ အာလူးများဝင်ရောက်ပြီး ယခုအပတ်တွင် အရောင်းအဝယ်အနေဖြင့် အေးလျက်ရှိကြောင်းသိရသည်။

ပုသိမ်မြို့အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရောင်းအဝယ်ပြုလုပ်နေသော ဈေးကွက်တွင် ယခင်ဩဂုတ်လပိုင်း ကြံနီတံဆိပ်၊ အယ်လ်ဖာတံဆိပ် ဘိလပ်မြေဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် (၁၁၀၀၀)၊ သဲတစ်ကျင်းလျှင် ကျပ် (၁၀၀၀၀)၊ အုတ်တစ်လုံးလျှင် ကျပ် (၂၀၀) ဈေးနှင့် ထုံးတစ်အိတ်လျှင် ကျပ် (၄၅၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ ပြည်ပဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသော စက်မှုကုန်ကြမ်းသီးနှံ ပီလောပီနံကို ကျုံပျော်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ လေးမျက်နှာ မြို့နယ်များတွင် အများဆုံးစိုက်ပျိုးထုတ်လုပ်၍ တိုင်းအတွင်း ပီလောပီနံစိုက်ဧက (၃၀၀၀၀) ခန့်ရှိပြီး ယခင်နှစ် ကျုံပျော်ခရိုင်တွင် စိုက်ဧက (၂၀၀၁၅) ရှိခဲ့ပြီး ပိဿာချိန် (၁၁၂၉၃၇၅၉၃) ထွက်ရှိခဲ့ကြောင်းသိရသည်။
.jpg?itok=owCSUnLn)
ဧရာဝတီတိုင်းဒေသကြီးအတွင်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသော ကွမ်းသီးစိုက်ဧက ၂၁၈၆၂ဧကရှိပြီး မြောင်းမြမြို့နယ်တွင် ကွမ်းသီးစိုက်ဧက ၃၅၆၉ဧကစိုက်ပျိုးလျက်ရှိရာ ကွမ်းသီးထွက်ရှိချိန် ကွမ်းသီးအနု (အရည်သောက်) များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ကွမ်းသီးအရင့်များမှာ ဒေသတွင်းစားသုံးရန် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
.jpg?itok=EiJapJa-)