ကုန်သွယ်မှုသတင်းများ
ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ခရမ်းချဉ်သီးများ မရှိတော့သည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းချဉ်သီးများမှာ ရာသီကုန်ဆုံးသောကာလဖြစ်၍ အခြားမြို့များမှ ဝယ်ယူရသည့်အတွက် သယ်ယူစရိတ်မြင့်တက်ခြင်းကြောင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ပြန်လည်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ်၏ ကိုးလတာကာလအတွင်း တရုတ်နိုင်ငံမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုမှာ ကန်ဒေါ်လာ ၆၉၇သန်းတန်ဖိုးရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၄% တိုးလာခဲ့သည်။ တင်သွင်းလာသော တရုတ်လယ်ယာထွက်ကုန်များကို ရိုးရာဈေးကွက်များတွင်သာရောင်းချခဲ့သော်လည်း ယခုအခါ ၎င်းတို့အား MM Mega နှင့် Co.opmart ကဲ့သို့သော အဓိကလက်လီအရောင်းဆိုင်များစုတွင် တွေ့ရှိနိုင်သည်။ အဓိကတင်သွင်းသောသီးနှံများမှာ ပန်းသီး၊ စပျစ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အာလူးတို့ပါဝင်ပြီး တရု

သုံးစွဲမှုတိုးလာခြင်းနှင့် နိုင်ငံတကာကျောက်မီးသွေးဈေးနှုန်းများကျဆင်းခြင်းတို့ကြောင့် စက်တင်ဘာလတွင် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှုသည် မြင့်မားခဲ့သည်။ တရုတ်နိုင်ငံသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလတွင် ကျောက်မီးသွေးစုစုပေါင်း မက်ထရစ်တန်ချိန် ၄၇.၅၉ သန်းတင်သွင်းခဲ့ပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလထက် ၁၃% တိုးလာကြောင်း နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များအရသိရသည်။ မကြာသေးမီရက်သတ္တပတ်များအတွင်း တရုတ်နိုင်ငံ၌ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍသည် ကြီး

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ရောင်းချနေသောဟင်းသီးဟင်းရွက်များမှာ မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝင်ရောက်သည့်အပြင် ပုတီးကုန်း၊ သဲကုန်း၊ ပေါင်းတည်စသည့်မြို့နယ်များမှလည်း ဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။

ပဲခူးခရိုင်၊ ပျဉ်ပုံကြီးရှိ ကိုင်းတောရွာသစ်တွင် သံရည်ကျိုပုံလောင်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။ သံရည်ကျိုလုပ်ငန်းအား လုပ်ဆောင်ရာတွင် ကုန်ကြမ်းအနေဖြင့် သံကျွတ်၊ ကားအင်ဂျင်ဟောင်း၊ သံအထည်ဟောင်းများကို အသုံးပြုကြောင်း၊ ကုန်ကြမ်းများအား ဒေသအတွင်းမှပင် ဝယ်ယူကြောင်း သိရှိရသည်။ တစ်နေ့လျှင် နန်းဆွဲ တစ်တန်ခွဲထုတ်လုပ်လျက်ရှိပြီး တစ်လလျှင် ပျှမ်းမျှ ရက် ၃၀ ခန့် ထုတ်လုပ်ကြောင်း သိရှိရသည်။ တစ်နေ့ သံရည်ကျို ၄ တန်ထုတ်လုပ်ပြီး တစ်လပျှမ်းမျှ ၂၄ ရက်ခန့် ထုတ်လုပ်ကြောင်း သ
