ကုန်သွယ်မှုသတင်းများ
ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် ငါးမွေးမြူရေးလုပ်ငန်းများရှိသလို၊ မြစ်ချောင်းများမှ ဒေသထွက် မြစ်ငါးမျိုးစုံ ဖမ်းယူရရှိပြီး ဒေသတွင်းရောင်းချသလို ၊ ရန်ကုန်တင်ပို့မှုများလဲရှိသည်။ ငါးများမှ ငါးဥများကိုလည်း သီးသန့်ရောင်းချသူများလည်း ရှိသည်။

ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံနှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။<

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ မိသားစုအပိုဝင်ငွေရရှိရန်အတွက် လက်လုပ်ချဉ်မျိုးစုံကို ကိုယ်တိုင်ပြုလုပ်ပြီး “မြို့မဈေး”တွင်ရောင်းချလျက်ရှိရာ သရက်သီးကုလားတည် ချဉ်နှင့် နှမ်းပတ်ချဉ်များလည်း အပါအဝင်ဖြစ်ကြောင်း၊

