ကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်မှ ဆန်တင်သွင်းမှု ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ဂါနာနိုင်ငံသည် စက်တင်ဘာလ
တွင် ဗီယက်နမ်၏ ဆန်အများဆုံးဝယ်ယူသူဖြစ်လာပြီး စုစုပေါင်းတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းနီးပါး ရှိလာသည်။
ဖိလစ်ပိုင်အစိုးရအနေဖြင့် ပြည်တွင်းသကြားဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ပြည်ပ မှ ဝယ်ယူတင်သွင်းမှုများအားလုံးကို လက်ရှိ ကြံကြိတ်ဝါးထုတ်လုပ်သည့် ရာသီကာလကုန်ဆုံးမည့် ၂၀၂၆ ခုနှစ် နှစ်လယ်ကာလတိုင်အောင် ယာယီဆိုင်းငံ့ထားရှိမည်ဟု စိုက်ပျိုးရေးဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း Philstar.com သတင်းဝက်ဘ်ဆိုက် က ဖော်ပြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် စက်တင်ဘာလ စတုတ္ထပတ်တွင် ရောင်းချနေသော ရာသီစာ ဇီးဖြူသီးများနှင့် ဖန်ခါးသီး ဈေးနှုန်း များအနေဖြင့် ဇီးဖြူသီး ( ၁)ဘူးလျှင် ( ၅၀၀)ကျပ်၊ ဖန်ခါးသီး ( ၁) ဘူးလျှင် ( ၇၀၀)ကျပ်နှင့် တောကြက်ဟင်

ဆန်ရောင်းလိုအား ပိုလျှံမှုနှင့် ဈေးနှုန်းများကျဆင်းမှု ဖြစ်ပေါ်နေချိန်၌ ဒေသခံတောင်သူ များအား ဆုံးရှုံးမှုများမှ ကာကွယ်ပေးရန်နှင့် ပြည်တွင်း စပါးဈေးနှုန်းများကို အနည်းငယ်မြှင့်တင် နိုင်ရန်အတွက် မူလက စီစဉ်ထားသည့် ၂ လကြာ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်အထိ တိုးမြှင့်ရန် ဖိလစ်ပိုင်အစိုးရက ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။
မလေးရှားနိုင်ငံ၌ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် တန် ချိန် ၁.၈၄ သန်းရှိပြီး ယခင်လထုတ်လုပ်မှုအောက် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မလေးရှား စားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ ကနဦး အချက်အလက်များအရ သိရကြောင်း အိန္ဒိယအခြေစိုက် Informist Media သတင်းဌာနက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။
