လူသုံးကုန်ပစ္စည်းများ
Recall number - 18- 147
Recall Date – 1/5/2018
အမျိုးအစား - အိမ်သုံးကုန်ပစ္စည်း
ကုန်ပစ္စည်း - မီးဖိုချောင်သုံးဓား
ရောင်းချခဲ့သောအချိန် - မေ ၂၀၁၇ - ဧပြီ ၂၀၁၈
ရောင်းချခဲ့သောစျေးနှုန်း - $13 ကြား $20
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါပစ္စည်းတွင်ပါဝင်သော ဓားသည် ပလတ်စတစ်မှ ပြုတ်ထွက်လာနိုင်သည့်အတွက် သုံးစွဲ သူများအတွက် ထိခိုက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။
အသိပေးချက်
စားသုံးသူများအနေဖြင့် ပြန်လည်သိမ်းဆည်းရန်ကြေညာထားသော အဆိုပါပစ္စည်းအသုံးပြုမှုအား ရပ်ဆိုင်း၍ Premier Kitchen Products တွင် ပြန်လည်လဲလှယ်နိုင်ရန် ဆက်သွယ်စုံစမ်း နိုင်ကြောင်း အသိပေးဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေရန် အသိပေး တင်ပြအပ်ပါသည်။
ထုတ်လုပ်သည့်နိုင်ငံ - တရုတ်
Source: United States Consumer Protect Safety Commission
Code: 042015812
Recall number - 18-177
Recall Date – 12/6/2018
အမျိုးအစား - အီလက်ထရောနစ်နှင့် နည်းပညာပစ္စည်း
ကုန်ပစ္စည်း - Video Monitor
တံဆိပ် - Lorex
မော်ဒန်နံပါတ် - LW2751, LW2752 and LW2962H
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
ပုံတွင်ပြထားသော Video Monitor ၏ ဘက်ထရီသည် အပူလွန်ကဲမှုကိုဖြစ်စေနိုင်ပြီး ဘက်ထရီ အဖုံး (battery cover) ကို လည်း ထိခိုက်ပျက်စီး စေနိုင်ကြောင်းဖော်ပြထားပါသည်။
အသိပေးချက်
ယခုအခါ Lorex ကုမ္ပဏီ အနေဖြင့် အဆိုပါ ပစ္စည်း၏ ဘက်ထရီ အပူလွန်ကဲမှု၊ ဖောင်းကြွမှု များဖြစ်ပေါ်လျက်ရှိကြောင်း ရေးသားထားသည့် အစီရင်ခံစာ ၃၂၈ စောင်ကို လည်း လက်ခံရရှိထား ကြောင်းဖော်ပြထားပါသည်။ သို့ဖြစ်ပါ၍ စားသုံးသူများအနေဖြင့် အဆိုပါပစ္စည်းအား ဆက်လက် အသုံးမပြုရန် ဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများသိရှိစေရန် အသိပေး တင်ပြအပ်ပါသည်။
ထုတ်လုပ်သည့်နိုင်ငံ - တရုတ်
ထုတ်လုပ်သူ - RDI Technology (Shenzhen) Co. Ltd, of China
တင်သွင်းသူ - FLIR Commercial Systems Inc., of Goleta, Calif
Source: United States Consumer Protect Safety Commission
Code: 042016814
ကုန်ပစ္စည်း - မုတ်ဆိတ်ရိတ်ကိရိယာ
မော်ဒန်နံပါတ် - GM-9001
ကုဒ်နံပါတ် - 6 957952 290017 (on the packaging);
8 033012 001170 (on a label)
Published on - 9/1/2018
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
အဆိုပါ ပစ္စည်း၏ အားသွင်းပေါက်တွင်ရှိသော လျှပ်ကူးပစ္စည်းသည်စနစ်တကျမရှိသောကြောင့် အသုံးပြုသူများအနေဖြင့် ဓာတ်လိုက်မှုများဖြစ်ပေါ်စေနိုင်ပါကြောင်းဖော်ပြထားပါသည်။
အသိပေးချက်
အဆိုပါ ပစ္စည်းဥရောပနိုင်ငံများ၏ လျှပ်စစ်ပစ္စည်းများဆိုင်ရာသတ်မှတ်စံချိန်စံညွှန်းEuropean standard EN 60335နှင့်လည်းကိုက်ညီမှုမရှိကြောင်းဖော်ပြထားသည့်အတွက်မြန်မာနိုင်ငံမှစားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
ပင်ရင်းနိုင်ငံ - တရုတ်
ထုတ်ပြန်သည့်နိုင်ငံ - ဟန်ဂေရီ
အဆင့်သတ်မှတ်ချက် - ပြင်းထန်အဆင့်
ကုန်ပစ္စည်း -ELDYS ဦးထုပ်
Batchnumber/Barcode: EAN: 3292530868510
Date published – 30/3/2018
အန္တရာယ်ဖြစ်စေနိုင်သောပုံစံ
“ELDYS” တံဆိပ် ဦးထုပ်တွင် ဓာတုဓာတ် (aromatic amine 4-aminoazobenzene) ပါဝင်မှုမြင့်မားပြီးအဆိုပါ ဓာတုဓာတ်အားအချိန်ကြာထိတွေ့ပါကအရေပြားဓာတ်မတည့်မှုနှင့် ကင်ဆာရောဂါကိုပင် ဖြစ်စေနိုင်ကြောင်းဖော်ပြထားပါသည်။
အသိပေးချက်
ယင်းဦးထုပ်သည် EU ၏ သတ်မှတ်ထားသောစည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်းကိုမြန်မာနိုင်ငံမှ စားသုံးသူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်။
ပင်ရင်းနိုင်ငံ - တရုတ်
ထုတ်ပြန်သည့်နိုင်ငံ - ပြင်သစ်
အဆင့်သတ်မှတ်ချက် - ပြင်းထန်အဆင့်