Main menu

လူသုံးကုန်ပစ္စည်းများ

Powered by Drupal

Alert Number - A12/1983/18 Date published – 4/1/2019 အမျိုးအစား - အပန်းဖြေအနားယူရန်သုံးပစ္စည်း ကုန်ပစ္စည်း - ပက်လက်ကုလားထိုင် တံဆိပ် - Crespo မော်ဒန်နံပါတ် - AL/363-DL-40 AL/364-17 AP/363-AD-80 Batchnumber/Barcode: 8 421228 021400 8 421228 248173 8 421228 201802 အန္တရာယ်ဖြစ်စေနိုင်သောပုံစံ Crespo တံဆိပ် နေပူဆာလှုံပက်လက်ကုလားထိုင် ၏ ရှေ့နှင့်နောက်ထောက်တိုင် (ခြေထောက်) တွင် လော့ခ်စနစ် (locking mechanism) မပါဝင်သောကြောင့် အချိန်မရွေးပိတ်မိပြီး ထိခိုက် ဒဏ်ရာ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ အသိပေးချက် အဆိုပါ ပက်လက်ကုလားထိုင် သည် EU ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်းနှင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေရန် အသိပေးတင်ပြအပ် ပါသည်။ ပင်ရင်းနိုင်ငံ - တရုတ် ထုတ်ပြန်သည့်နိုင်ငံ - စပိန် အဆင့်သတ်မှတ်ချက် - ပြင်းထန်အဆင့် Source: Rapid Alert System (European Commission) Code: 012011913

Alert Number - A12/1871/18

Date published – 14/12/2018

အမျိုးအစား   - ကျန်းမာရေးနှင့်အားကစားသုံးပစ္စည်း

ကုန်ပစ္စည်း     - တောင်တက်ကြိုး

တံဆိပ်          - AL-NASR

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

AL-NASR တံဆိပ် တောင်တက်ကြိုးသည် လုံလောက်သောကြံ့ခိုင်မှုမရှိသောကြောင့် အသုံးပြုနေစဉ် အတွင်း ကြိုးပြတ်နိုင်ပြီး ထိခိုက်အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်

အဆိုပါတောင်တက်ကြိုးသည် EU ၏သတ်မှတ်ထားသောစည်းမျဉ်းများနှင့်ကိုက်ညီမှုမရှိ ကြောင်း နှင့် အန္တရာယ်ဖြစ်စေနိုင်ကြောင်းကို မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေရန် အသိပေး တင်ပြအပ် ပါသည်။

ထုတ်ပြန်သည့်နိုင်ငံ - ဂျာမဏီ

အဆင့်သတ်မှတ်ချက် - ပြင်းထန်အဆင့်

Source: Rapid Alert System (European Commission)

Code: 012011913

Provata activity trackers

Recall Number – 18-231

Recall Date – 25.9.2018

အမျိုးအစား - လူအသုံးအဆောင်ပစ္စည်း

တံဆိပ် - Provata activity trackers

ထုတ်လုပ်သည့်နိုင်ငံ - တရုတ်နိုင်ငံ

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါပစ္စည်းသည် လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားစဉ်သော်လည်းကောင်း အားသွင်းနေစဉ်နေစဉ်သော်လည်းကောင်း မီးလောင်မှုအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။

အသိပေးချက်

ပြန်လည်သိမ်းဆည်းရန်ကြေညာထားသော အဆိုပါပစ္စည်းများအား အသုံးမပြုကြပါရန်နှင့် Provata Health နှင့်ဆက်သွယ်၍ အစားထိုးပစ္စည်းအသစ်ရယူနိုင်ပါကြောင်း ဖော်ပြထားပါသဖြင့် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။

Source: Untied States Consumer Product Safety Commission

Recall Number – 19-002

Recall Date – 2.10.2018

အမျိုးအစား - အိမ်အသုံးအဆောင်ပစ္စည်း

တံဆိပ် - Cooler/Grills

ထုတ်လုပ်သည့်နိုင်ငံ - တရုတ်နိုင်ငံ

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါပစ္စည်း၏သစ်သားကိုယ်ထည်မှာ မီးကင်နေစဉ်အတွင်း မီးလောင်မှုအန္တရာယ်ကို ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်

ပြန်လည်သိမ်းဆည်းရန်ကြေညာထားသော အဆိုပါပစ္စည်းများအား အသုံးမပြုကြပါရန်နှင့် AAA Innovations နှင့်ဆက်သွယ်၍ ပြန်အမ်းငွေရယူနိုင်ပါကြောင်း ဖော်ပြထားပါသဖြင့် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။

Source: Untied States Consumer Product Safety Commission

Recall number - 18- 147

Recall Date – 1/5/2018

အမျိုးအစား - အိမ်သုံးကုန်ပစ္စည်း

ကုန်ပစ္စည်း - မီးဖိုချောင်သုံးဓား

ရောင်းချခဲ့သောအချိန် - မေ ၂၀၁၇ - ဧပြီ ၂၀၁၈

ရောင်းချခဲ့သောစျေးနှုန်း - $13 ကြား $20

 

အန္တရာယ်ဖြစ်စေနိုင်သောပုံစံ

အဆိုပါပစ္စည်းတွင်ပါဝင်သော ဓားသည် ပလတ်စတစ်မှ ပြုတ်ထွက်လာနိုင်သည့်အတွက် သုံးစွဲ သူများအတွက် ထိခိုက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

အသိပေးချက်

စားသုံးသူများအနေဖြင့် ပြန်လည်သိမ်းဆည်းရန်ကြေညာထားသော အဆိုပါပစ္စည်းအသုံးပြုမှုအား ရပ်ဆိုင်း၍ Premier Kitchen Products တွင် ပြန်လည်လဲလှယ်နိုင်ရန် ဆက်သွယ်စုံစမ်း နိုင်ကြောင်း အသိပေးဖော်ပြထားသည့်အတွက် မြန်မာနိုင်ငံမှ စားသုံးသူများ သိရှိစေရန် အသိပေး တင်ပြအပ်ပါသည်။

ထုတ်လုပ်သည့်နိုင်ငံ - တရုတ်

Source: United States Consumer Protect Safety Commission

Code: 042015812

Pages