သတင်းနှင့် လှုပ်ရှားမှုများ
၁၃.၂.၂၀၂၅ ရက်နေ့၊ နံနက် (၉:၀၀) အချိန်တွင် ရေကြည်မြို့နယ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များကို မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့များမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၁၃.၂.၂၀၂၄ ရက်နေ့ နံနက်ပိုင်းက ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ရပ်ကွက် ကျေးရွာပေါင်းစုံ အသက် ၂၃နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆဒချီမြှင့်ပွဲ အခမ်းအနား ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။

၁၂.၂.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် အမှတ်တံဆိပ်ပါ ဗူးဆီ အမျိုးမျိုးရောင်းချနေသော ညောင်တုန်းမြို့နယ် ၃ရပ်ကွက်၊ ၅ရပ်ကွက်နှင့် ရရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်သို့ သွားရောက်၍ စားသုံးသူများ ဘေးကင်စွားအသုံးပြုနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာမပျက် စုပေါင်းထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ၁၃.၂.၂၀၂၅ နေ့လည်(၁၃)နာရီအချိန်တွင် အမှတ် ၃ရပ်ကွက် စုပေါင်းရုံးလမ်းမှာ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်နေပြည်သူများ၊ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အသီးသီးမှ ပြိုင်ပွဲဝင် အသင်းသားများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

စားသုံးသူများ ဘေးအန္တရာယ်ကင်းစာ ကုန်စည်များကို အသုံးပြုနိုင်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဦးစားပေးကုန်စည် (၁၀)မျိုးသတ်မှတ်၍ ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် သက်ဆိုင်ရာထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပါဝင်မှု ရှိ/မရှိကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့်အတူ ဓနုဖြူမြို့နယ်အတွင်း စတိုးနှင့် မီနီမက်စ် ဆိုင်များအား ၁၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀၀၀)နာချိန်အတွင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
