Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jan 2021

       ၁၂-၁-၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြစ်ကြီးနားမြို့နယ် ၊ နောင်နန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ လက်လီ/လက်ကား‌ရောင်းချနေသော ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များရှင်းလင်းဆွေးနွေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော  Covid-19  လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ခဲ့ပါသည်။

20 Jan 2021

      စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၆-၁၀၂၀၂၁ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်ဆော်လော်ကျေးရွာအုပ်စုတွင်လည်းကောင်း၊ ၇.၁.၂၀၂၁ ရက်နေ့တွင် နန်းမားမြို့နယ်၊ ကျွန်းပင်သာကျေးရွာတွင်လည်းကောင်း  စားသုံးသူရေးရာနှင့်ပတ်သက်သည့် ဆွေးနွေးဟောပြောမှုများ ဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏သမိုင်း ၊ စားသုံးသူရေးကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်မျာ

20 Jan 2021

      ၅.၁.၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်အတွင်းရှိ လျှပ်စစ်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချသည့် လက်လီလက်ကားအရောင်းဆိုင်များသို့ သွားရောက်ပြီး ပြည်ပမှ တရားတင်သွင်းလာသော ရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ဆောင်ရွက်ထားသော ကုန်စည်များအား ရောင်းချနေမှု ရှိ/မရှိအခြေအနေအား ဈ

19 Jan 2021

     စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဖရဲစိုက်တောင်သူများ GAP စနစ်နှင့်အညီ စိုက်ပျိုးနိုင်ရေးဆွေးနွေးဟောပြောပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းပိုနှင့်အဖွဲ့၊ မြို့နယ် သီးနှံကာကွယ်ရေးတာဝန်ခံနှင့် ဖရဲစိုက်တောင်သူ (၁၇)ဦး တက်ရောက်ခဲ့ပါသည်။

18 Jan 2021

       ၂၀၂၁ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကန့်ဘလူခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ခန်းမ ၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး ဒေသကော်မတီ (၁) အလုပ်မှုဆောင်ရွေးချယ်ပွဲကို Zoom Application မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages