သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးနှင့် မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်တို့သည်(၁၈.၁.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀)အချိန်၌ တောင်တွင်းကြီးမြို့ပေါ်ရှိ စားသုံးဆီရောင်းချ/ဖြန့်ဖြူးလျှက်ရှိသော လုပ်ငန်းရှင် (၇)ဦးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ် တလုပ်လပ်အရှေ့ကျေးရွာရှိ တပင်ရွှေထီးစပါးရောင်းဝယ်ရေးသို့ (၁၉.၁.၂၀၂၂) နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် ကွင်းဆင်းလေ့လာ ဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးတာဝန်ခံရုံး၌ (၁၇.၁.၂၀၂၂)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးဆီလုပ်ငန်းရှင် များအား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါအချက်များအား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

ရန်ကုန် မြို့၊ ဇန်နဝါရီလ ( ၁၉ ) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီး မှူးရုံးအနေဖြင့် ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင် ထုတ်လုပ်၊ ရောင်းချသည့်လုပ်ငန်းရှင်များအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ထောက်ခံချက်ရရှိရေး ကြားခံဝန်ဆောင်မှုဖြင့် ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ (၁၈.၁.၂၀၂၂)ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် “Honey” တံဆိပ်အမည် ဖြင့် ကိတ်နှင့် မုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းရှင်က စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူးရုံးသို့ သက်ဆိုင်ရာဌ
