သတင်းနှင့် လှုပ်ရှားမှုများ
သန်လျင်မြို့၊ ဒီဇင်ဘာလ (၆) ရက်

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တာဝန်ခံ ဦးမြတ်မင်းနှင့်အဖွဲ့သည် (၄.၁၂.၂၀၂၁)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ရေစကြိုမြို့နယ် စည်သာ ကျေးရွာရှိ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်နေသည့် တောင်သူဦးထွန်းခိုင်၏ဝါစိုက်ခင်းသို့သွားရောက်၍ ဝါသီးနှံများစိုက်ပျိုးထုတ်လုပ်မှုအခြေအနေကို လေ့လာခဲ့ရာ စည်သာကျေးရွာတွင် ဝါစိုက်ဧကမှာ (၇၀)ဧကခန့်ရှိကြောင်း၊ မျိုးများမှာ ဒေသမျိုး ငွေချည်-၉၊ ငွေတောင်-၁၁၊ ကမ္ဘောဇမျိုးများအပြင် ရာကာ (၆၆၆)မျိုး ကိုလည်း စိုက်ပျိုးကြ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ဧည့်မထ ၂၅ မှတ်ဆန်များကို ပြည်ပတင်ပို့ရန်အတွက် ဇလွန်မြို့နယ်ဆိပ်ကမ်းတွင် သင်္ဘောတင်လျက်ရှိပါသည်။ ဇလွန်ဆိပ်ကမ်းမှတဆင့် ရန်ကုန်မြို့ သို့သယ်ယူပြီး ဆူးလေဆိပ်ကမ်းတွင် နိုင်ငံခြားသင်္ဘော ပေါ်သို့ ပြောင်းရွှေ့တင်ပို့ရကြောင်း သိရှိရပါသည်။ ထို့သို့တင်ပို့ခြင်းကို ဧရာဟင်္သာ ကုမ္ပဏီမှ တင်ပို့ခြင်းဖြစ်ပြီး၊ ဝယ်ယူသည့် ကုမ္ပဏီမှာအန္ဒိယကုမ္ပဏီ Indosino ကုမ္ပဏီဖြစ်ကြောင်းသိရှိရပြီး၊ တင်ပို့နေမှု အခြေအ နေများကို

စားသုံးသူရေးရာဦးစီးဌာန၏ www. doca. gov. mm website တွင် သတင်း/ဆောင်းပါးများ ရေးသားခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ၈-၁၂-၂၀၂၁ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးမှတ်(၅၂) အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် တစ်နှစ်လျှင် မိုးစပါး၊ နွေစပါးစိုက်ဧကမှာ (၄၂၀၀၀၀)ခန့် ရှိပြီး အထွက်နှုန်းအနေဖြင့် ပျှမ်းမျှ (၇၀)တင်းခန့်ထွက်ရှိ၍ စုစုပေါင်း စပါးတင်းသိန်းပေါင်း (၂၉၀)ကျော်ထွက် ရှိပြီး ဆန်ပိုလျှံသောခရိုင်ဖြစ်ပါသည်။ ဆန်ပိုလျှံ သကဲ့သို့ ဘေးထွက်ပစ္စည်း ဆန်ကွဲ၊ ဖွဲနုတို့မှာလည်း ပိုလျှံ၍ တိရစ္ဆာန်အစားအစာဖြစ်လည်း ရောင်းချလျက်ရှိပါသည်။ ထို့အပြင် ဆန်ကွဲကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဆန်မရွေးလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။ ပြည်မြ
