သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
17 Jul 2025
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများအပါအဝင် ၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ တွင် မြိတ်မြို့ပေါ်ရှိ Car Showroomsနှင့် အရောင်းဆိုင်များသို့ သွားရောက်၍ မော်တော်ကားရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး မော်တော်ယာဥ်တင်သွင်းရောင်းချခွင့်လက်မှတ်များအား ကွင်းဆင်းစစ်ဆေး၍ online ဖြင့်ရောင်းချပါက ဆောင်ရွက်သင့်သောအချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

16 Jul 2025
မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဉီးဆောင်၍ (၃.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး၊ အကောက်ခွန်ဦးစီးဌာန၊ လျှပ်စစ်နှင့်ဓါတ်အားပေးရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့သည် မှော်ဘီမြို့နယ်ရှိ ဥစားကြက်မွေးမြူရေး (၃)ခြံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

16 Jul 2025
(၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ City Mart တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

16 Jul 2025
(၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ (၃) ရပ်ကွက်၊ ငွေဥဒေါင်းခန်းမ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးသက်နိုင်ဉီး၊ ညွှန်ကြားရေးမှူး ဦးဆောင်၍ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေး နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပဆောင် ရွက်ခဲ့ပါသည်။

16 Jul 2025
(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာနတို့ပါဝင်သော အဖွဲ့ဖြင့် မိုးစပါးစိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

