သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Jul 2025
ရေကြည်မြို့နယ်၊ ရေကြည်မြို့ရှိ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲမုန့်ဖိုများသို့ မြို့နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂.၇.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ဗထူးရပ်ကွက်၊ အောင်ဆန်းလမ်းရှိ ဦးအောင်သန်း မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

22 Jul 2025
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ အသင်း၏ ရွေးကောက်တင်မြှောက်ဖွဲ့စည်းခြင်း အခမ်းအနားကို ၈.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်း (၁၀း၀၀) နာရီအချိန်တွင် မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ချောင်းဆုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

22 Jul 2025
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၃.၇.၂၀၂၅) ရက်နေ့၊ မြို့နယ်ဦးစီးမှူးရုံး၌ မြို့ပေါ်(၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၇) အုပ်စု၊ ကျေးရွာပေါင်း (၃၉၄) ရွာရှိ စားသုံးဆီလက်လီအရောင်းဆိုင်များမှ လုပ်ငန်းရှင် (၂၀၅) ဦးတို့အား စားသုံးဆီဖြန့်ဝေမှု၊ ရောင်းချမှုများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်မှန်ကန်စွာဖြင့် သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာရောင်းချရန် ပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည

22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ပြည်နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေး အဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာရှိ “ဟင်္သာ (၉)” ဆီဆိုင်ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

