သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
14 Jul 2025
(၂၃.၆.၂၀၂၅) ရက်နေ့ မွန်လွဲ (၂) နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးခန်းတွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ စစ်ကိုင်တိုင်း တွင်းရှိ စက်မှုလုပ် ငန်းသုံး စားအုန်းဆီကိုယ်စလှယ်များ နှင့်စက်မှုလုပ်ငန်းသုံး စားအုံးဆီ ဝယ်ယူထားရှိမှုအခြေအနေ ၊ထုတ်ယူရရှိမျုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှု အခြေအနေများ နှင့်ပါတ်သက်ပြီး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကျင်းပရာ လူကိုယ်တိုင်(၁၁)ဦး၊ Online ဖြင့် (၁၉)ဦး၊ သက်ဆိုင်ရာဝန်ထမ်း(၄)ဦး စုစုပေါင်း (၃၅ဦးတက်ရောက်ခဲ့ပါသည်။

14 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၀) ရက်နေ့တွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်နှင့် လေးကျွန်းမြေရပ်ရှိ စတိုးဆိုင်(၂)ဆိုင်၊ ကုန်မျိုးစုံဆိုင် (၁)ဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

14 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်သို့ ၂၃.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဦးဆောင်၍ ဝန်ထမ်း ( ၅ ) ဦး သည် ကုန်မျိုးစုံရောင်းချသည့် စတိုးဆိုင် ( ၂ ) ဆိုင်သို့ သွားရောက်၍ “Signal” အမှတ်တံဆိပ် သွားတိုက်ဆေး Signal Cavity Fighter Toothpaste 150g နှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်း ကုန်စည်အတုများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

14 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ၂၃.၆.၂၀၂၅ ရက်နေ့ ၊ မွန်းလွှဲ (၃း၀၀) အချိန်က တိုင်းဒေသကြီးဦးစီးမှူးသည် ဆန်၊ စပါး သိုလှောင်ရုံ လုပ်ငန်းရှင် အသင်းဥက္ကဌနှင့် လုပ်ငန်းရှင်များက သိလိုသည်များ လာရောက်မေးမြန်းမှုအပေါ် လုပ်ငန်းဆောင်ရွက် ရန် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

14 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၆၄ )ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

