Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန ၊ ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ (၃-၇-၂၀၂၅) ရက် ၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့ရှိ ၅ရပ်ကွက်ရှိ အ.ထ.က.(၁) အခြေခံပညာအထက် တန်းကျောင်း ၌ ကျောင်းမုန့်ဈေးတန်း (၇)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တာဝန်ခံ သည် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ စားသုံးသူအခွင့်အရေး ဗဟုသုတကြွယ်စေပြီး တောင်းဆိုတက်ရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်နှင့် အစားအသောက်များ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေး အတွက် (၃.၇.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် အသိပညာပေးဟောပြောခဲ့ပါသည်။
21 Jul 2025
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၃.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်က ပန်းတနော်မြို့နယ် မြို့ကွက်သစ်-၂ရပ်ကွက်ရှိ ဖိုးလမင်းဆန်စက်သို့ ကွင်းဆင်း၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုနှင့် စပါး-ဆန်ရောင်းဝယ်တင်ပို့မှု၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁.၇.၂၀၂၅)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ ခမောက်စုကျေးရွာရှိ လယ်ယာနှင့် ပီလောပီနံ စိုက်ပျိုးထုတ် လုပ်သူ လုပ်ငန်းရှင်(၅)ဦးအား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍(၁.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြန်အောင်မြို့၊ တာဂွကျေးရှိ အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်း သား/သူများနှင့် ဆရာ/ဆရာမ ဦးရေ(၃၀၀)ဦးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အကြောင်း ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages