သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၊ နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် တရားရုံးမှ ရွာကြီးအမှတ် ၁၁၈၇/၂၀၂၄ နှင့် ရွာကြီး ၁၁၈၈/၂၀၂၄ ဖြင့် အမိန့််ချမှတ်ပြီးနောက် ထားဝယ် မြို့မရဲစခန်းမှတစ်ဆင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန(တနင်္သာရီတိုင်းဒေသကြီးသို့အပ် နှံလာသည့်ဖမ်းဆီးရမိ ပြည်သူ့ဘဏ္ဍာသိမ်းပစ္စည်းများဖြစ်သော ဒီဇယ်ဆီအဖြစ်သို့သုံးစွဲရန် မသင့်တော် သည့် ဆီပျော်အမျိုးအ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ရက်နေ့၊ နေ့လည်(၁၅:၀၀) နာရီအချိန်တွင် (၁၈) ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချနေသော Sprite အချိုရည်ဘူးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်မင်း၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးတိုးမြင့်အောင်၊ ကျန်းမာရေး ဦးစီးဌာနမှ ဦးရဲဝင်း၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် စားသုံးသူရေးရာ ကော်မတီအစည်းအဝေး၁/၂၀၂၅ ကို ၂၀၂၅ ခုနှစ် ၊ (၆) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၊ နေ့လယ် (၁၅း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့၊ မြို့တွင်းရပ်၊ ဆန်းချီရပ်၊ ဝဲကျွန်းရပ်၊ အခွန်လွတ်စျေးရှိ ဘိလပ်မြေအရောင်းဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် တောင်ပိုင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်ပိုင်ရှင်များအား (၆.၆.၂၀၂၅)ရက်နေ့ ညနေ(၂:၀၀)နာရီ အချိန်တွင် မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းမှခေါ်ယူတွေ့ဆုံ၍ ဆီစာအုပ်ဖြန့်ဝေမှုနှင့်ပတ်သက်၍လည်းကောင်း သတ်မှတ်ရည်ညွှန်းဈေးနှင့် စားအုန်းဆီရောင်းချမှု ရှိ/မရှိ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
