Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Sep 2024

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာန၏စားသုံးသူအခွင့်အရေးဦးစားပေး ဆောင်ပုဒ်နှင့်အညီ စားသုံးသူများအနေဖြင့် အခွင့်အရေး(၈)ချက်ကိုသိရှိစေရန်နှင့် တောင်းဆိုတတ်စေရန်ရည်ရွယ်၍ အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

12 Sep 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရေစကြိုမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူအခွင့်အရေးကိုသိရှိပြီး ရယူတောင်းဆိုတတ်စေရေး၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားခွင့်များရရှိမှုကိုသိရှိနိုင်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

12 Sep 2024

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

12 Sep 2024

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၇-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာရှိ ‘မဒေး’ အမှတ်တံဆိပ်နှင့် ရေနံ့သာကျေးရွာရှိ YY’ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းရှင်(၂)ဦးထံသို့သွားရောက်၍ ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

12 Sep 2024

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၉-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်ကားအရောင်းဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ ဗီနိုင်းများချိတ်ဆွဲ၍ ဈေးနှုန်းများချိတ်ဆွဲရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချခြင်းရှိ/မရှိ၊ သိုလှောင်ထားရှိခြင်း၊ အကန့်အသတ်ဖြင့

Pages