သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၄၅) နာရီအချိန်တွင် မြန်အောင်မြို့၊ ညောင်မြစ်ဆွဲအုပ်စု၊ ပြည်တော်သာကျေးရွာရှိ ရွှေဆန်စက်၌ ဆန်စက် လုပ်ငန်းရှင် ဦးသန်းထိုက်ဦး နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် ဆန်စက်နှင့် သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် (၂-၇-၂၀၂၅) ရက်နေ့က ပန်းတနော်မြို့နယ် တာဝန်ခံရုံးတွင် တွေ့ဆုံ၍ (Myanmar Rice Online MyRo) မှတ်ပုံတင်သက်တမ်းပြည်မှီသော ဆန်စက် သိုလှောင်ရုံးများ သက်တမ်းတိုးဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော DENKO၊ UTT & San, OK Energy၊ အောင်ထက်လင်း၊ ကျော်စံ၊ ထွန်း၊ (၆)ဆိုင်အား မြိုနယ်ရေနံနှင့်ရေနံထွက်ပစ္စည်းများထိမ်းသိမ်းကြီးကြပ်ရေးကော်မတီများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အရံ မီးသပ်တပ်ဖွဲ့နှင့် အတူ(၂.၇.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)အချိန်က စက်သုံးဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြိုနယ်ဦးစီးမှူးရုံးတွင် ဆန်စပါးကုန်သည်အသင်းခွဲ အသင်းဝင်များနှင့် တွေဆုံ၍လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးနှုန်း၊ဆန်/ ဆန်ကွဲတင်ပိုရောင်းချမှု အခြေအနေများ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် လုပ်ငန်းရှင်၏တာဝန်များ အကြောင်းကို (၃.၇.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀)အချိန်က အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

21 Jul 2025
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေ အရောင်းဆိုင်(၂)ဆိုင်တွင် ရောင်းချနေသော ဘိလပ်မြေအိတ်များတွင် ဝယ်ရင်းဈေးထက် အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

